ဘော် နှင့် ဖေါ်

၁။ လုပ်ဖော်လား လုပ်ဘော်လား ဆရာ မရှင်းလို့။

၂။ ဆရာ အကောင်းဆုံးအဘော်ဖြစ်သည်လို့သုံးတာ အမှန်လားဆရာ။ အဖော် အဘော် ဘယ်ဟာအမှန်ပါလဲဆရာ။

၃။ အဖော်ကိုလဲ အဘော်လို့ရေးထားတယ်နော် ဆရာ အဲ့ဒါလေးလဲအချိန်ရရင် ရှင်းပြပေးပါအုံးဆရာ။

၎။ မင်္ဂလာပါဆရာရှင့်။ လုပ်ဖော်ကိုင်ဖက်၊ လုပ်ဘော်ကိုင်ဖက်၊ လုပ်ဖော်ကိုင်ဘက်၊ လုပ်ဘော်ကိုင်ဘက်၊ ဘယ်ဟာ အမှန်ဆိုတာ သိပါရစေရှင့်။

၅။ မင်္ဂလာပါဆရာ။ အပျိုဘော်ဝင်လို့ သုံးထားတာတွေ့တယ်ဆရာ။ တော်တော်များများနေရာတွေမှာ အပျိုဖော်ဝင်ဆိုပြီး သုံးတတ်ကြတယ်။ ဘယ်ဟာက အမှန်လည်းပြောပြပေးပါဆရာ။

ဘော်
ရဲဘော်
လူဘော်မဝင်
ဝသီဘော်ငါးပါး
အပျိုဘော်ဝင်သည်
အယ်ဒီတာအာဘော်
အာဘော်
အာနုဘော်
အပေါင်းအဘော် = အပေါင်းအဖေါ်
ဆေးဘော်ကြောဘက်
ဒွေးဘော်
ဘော်တွင်း
ဘော်ဖြူငွေရွက်
ဘော်လီဘော
ဘော်ဝါ
ဘော်ငွေ
ရွေဘော်တသင်း

ဖေါ်
တဖေါ်နှစ်ဖေါ်
အပေါင်းအဖေါ်
ဆေးဖေါ်သည်
ဆွေမျိုးပေါက်ဖေါ်
ပေါ်အောင်ဖေါ်
ဖေါ်ထုတ်သည်
ဖေါ်ပြသည်
ဖေါ်လံဖါးသည်
ဖေါ်လှစ်ပြသည်
ဖေါ်ကောင်သက်သေ
ဖေါ်ဖေါ်ရွေရွေ
ဖေါ်ပြောသည်
ဖေါ်ရွေသည်
ဖော်ကျူး
ဖော်စပ်
ဖော်ထုတ်
ဖော်ပြသည်
ဖော်ရွေသည်
ဖော်ညွှန်းသည်
ဖေဖေါ်ဝါရီလ

အဲဒီအသုံးက နောက်ပေါ်ဖြစ်တယ်။ အရင်ထုတ်သတ်ပုံကျမ်းတွေမှာမပါ။ နောက်ထုတ်သတ်ပုံစာအုပ်မှာ လုပ်ဖေါ်ကိုင်ဖက်လို့ ရေးတယ်။ အပေါင်းအဖေါ်နဲ့ ဆက်တွေးယူတာဖြစ်ပါမယ်။ ဖက်တွဲ၊ ဖက်လဲတကင်းနဲ့ ရဲဘော်လို့ ရေးတာမို့ ကျွန်တော်ကတော့ လုပ်ဘော်ကိုင်ဖက်လို့လည်း ရေးပါတယ်။ ကျွန်တော် မှားချင်လည်းမှားမယ်။

အပျိုဘော်ဝင်ကသာ မှန်တယ်။ အပျိုလေးတယောက် သူ့အဖေါ်နဲ့ ဈေးဝယ်သွားတယ်လို့ ရေးရင်မှန်တယ်။ ကန်တော့ပါ။ ဒီခေတ်မှာ ကွန်ဒွမ်ကို အဖေါ်လို့ပြောနေကြတယ်။ ကန်တော့ပါ။ ဖော်နဲ့ ဖေါ်လည်း အတူတူသာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ