ပြည်သူတကာ ရွှင်မျက်နှာနှင့်

စိန္တကျော်သူဦးသြသည် ၁၁၁၉ ခုနှစ်တွင် အလောင်းဘုရား၏သားတော်တပါး အိမ်တော်သိမ်မင်္ဂလာ ကျင်းပရာ၌ ရတုပိုဒ်စုံ ရေးဆက်သည်။ ယင်းရတုတွင်ဤသို့ ရေဆမ်းလိုက်သည်။

ပြည်သူတကာ ရွှင်မျက်နှာနှင့်
သီတာရေချမ်း ထိပ်ထက်ဆမ်းသို့
ဘေးဘျမ်းရန်ကွာ သာယာတော့မည်
မှန်လှသည်ဟု သက်ရှည်ပါစေ
တောင်းဆုဝေရှင့်။

မင်းသုဝဏ်ရေးသားတဲ့ မြန်မာစာ မြန်မာမှုစာအုပ် ထမင်းဆီဆမ်းစာထဲကဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်မှာရေးပါတယ်။

ကနေ့ခေတ်မှာ ပြည်သူတစ်ကာ ရွှင်မျက်နှာရှိကြပါလေစ။

ဒေါက်တာတင့်ဆွေ
၁၉-၃-၂ဝ၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး