ဇင်ယော်ငှက် စင်ရော်ငှက်

ဆရာ အခုအကယ်ဒမီရသွားတဲ့ ဦးစင်ယော်မောင်မောင်ဆိုတဲ့ နာမည်မှာ စင်ယော်က အမှန်လား၊ ဇင်ယော်က အမှန်ပါလား မသိလို့ပါ။

အနုပညာရှင်တွေအမည်မှာ မောင်၊ ကို၊ ဦး၊ ဒေါ် မထည့်သင့်ပါ။ အမည်တွေကိုတော့ သတ်ပုံစည်းကမ်း မလိုက်ကြတာမျိုး ရှိတယ်။ ဥပမာ ဒဂုံရွှေမျှား။ အူးမျင့်သိဏ်း။

ဇင်
ဇင်ယော်ငှက် (စင်ရော်ငှက်)
ဇင်ရွေးပင်
သဇင်ပန်း

စင်
ကင်းစင်
စင်စစ်
စင်ကြယ်
စင်ပြိုင်
စင်ရော်ငှက်
စင်္ကြံလျှောက်
စာအုပ်စင်
ထမ်းစင်
ပစ္စင်ရင်တား
ဗူးစင်
မစင်ကျင်ကြီး
ယက်ကန်းစင်
ဖြူစင်သော
အပျိုစင်
ရေအိုးစင်

စဉ်
ကွန်းစဉ်တိုင်
စဉ်ဆက်ရှေးတီး (ရှေးရိုးစဉ်လာထုံးစံအတိုင်း)
စဉ်တိုက် ဆက်တိုက်
စဉ်နက္ခတ်
စဉ်ပါး (လွင့်စင်)
စီစဉ်သည်
ဇဉ်ဖျင် (ဇင်ဖျင်)
တံစဉ် (တစဉ်)
ထွန်းပစဉ်အခါ
ပုထုဇဉ်
ပယောဇဉ်
ပျက်အစဉ် ပြင်ခဏ
ဖိတ်စဉ်သည်
မင်းစဉ်မင်းဆက်
လွင့်စဉ်
လာစဉ်
သံစဉ် (သံစဉ်သင်္ကေတ)
သံယောဇဉ်
သမ္မဇဉ်
သွားစဉ် လာစဉ်
အစဉ်မပြတ်
အစဉ်မသင့် (အစီအစဉ် မသင့်၊ အဆင်မသင့် မဟုတ်)
အစဉ်အလာ
အစီအစဉ်
ဥယျောဇဉ်
ဂေါရာဇဉ်
နေ့စဉ်မှတ်တမ်း
ဘောဇဉ်

ဒေါက်တာတင့်ဆွေ
၂၃-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး