ဝင် နှင့် ဝန်


၁။ ဆရာခင်ဗျား ကတိခံဝန်ချက် နဲ့ ကတိခံဝင်ချက်မှာ ဝန် နဲ့ ဝင် ဘာက အမှန်လဲခင်ဗျ။

၂။ ဆရာ အချိန်ရရင် ဝင်၊ ဝန်၊ ရှင်းပြပေးပါဦး။

ဝင်
လှည်းဝင်ရိုး
ဝင်္ကပါ
ဝင်္ကဝုတ္တိအလင်္ကာ
ဝင်္ကန္တဉာဏ်
ဝင်ကစွပ်ကောင်
ဝင်ဆံ့သည်
ဝင်ကြည့်ပါ
အိမ်ထဲဝင်ပါ
အသင်းဝင်ပါ
ထူပဝင်
ဒီပဝင်
ဗောဓိဝင်
အနာဂတဝင်
ပြည်တော်ဝင်
မဟာဝင်
ရာဇဝင်
ဝင်လာမစဲ
အဝင်အထွက်
လူဝင်စား
ဝင်္ကပါ
ဣတ္ထိဝင်္ကံ၊ နဒီဝင်္ကံ
စိတ်ဝင်စား
သာကီဝင်

ဝန်
ကင်းဝန်မင်းကြီး
ကိုယ်ဝန်
ခရိုင်ဝန်
ဆရာဝန်
တာဝန်
နန္ဒဝန်
ဝန်ခံသည်
ဝန်ချသည်
ဝန်စင်းမင်းရာဇာ
ဝန်စည်စလယ်
ဝန်တိုသော
ဝန်ထမ်း
ဝန်ထုပ်ဝန်ပိုး
ဝန်ကြီးချုပ်
ဝန်ပိုငှက်
ဝန်ကြီး
ဝန်ဘိုရွာ
ဝန်လက်ငှက်
ဝန်လိုငှက်
ဝန်ထောက်
ဝန်နှင့်အား
သီလဝန်
အခွန်ဝန်
အတွင်းဝန်
ဝေဠုဝန်
သေနတ်ဝန်

အစိုးရဝန်ထမ်း ၁၅ နှစ်လုပ်ခဲ့၏။
ပြည်ပရောက်အစိုးရမှာ ဝန်ကြီးလို့ အမည်တပ်ခံရဘူး၏။
မြောက်ဝင်ရိုးစွန်းနဲ့နီးတဲ့ နော်ဝေနဲ့ ဆွီဒင်ကို ရောက်ဖူးပါ၏။
ကျွန်ုပ်သည် ပြည်တော်မဝင်နိုင်သေးသော ဆရာဝန်တယောက်ဖြစ်၏။
ဝင်္ကပါထဲမှာ လမ်းမပျောက်ဘူးပါ။
ဝင်္ကန္တစာအုပ်ကို ရွှေဥဒေါင်းရေးသား၏။
ဝင်္ကဝုတ္တိအလင်္ကာကို ကိုးတန်းမှာသင်ခဲ့ရ၏။
ဝန်တိုစိတ်ကင်းအောင် အတော်ကြိုးစားနေရ၏။
ဝင်ကစွပ်ကို ဦးကြင်ဥကဗျာမှာ ဖတ်ရ၏။
ဝန်ပိုငှက်နဲ့ ဝန်လိုငှက်ကို မမြင်ဘူးပါ။
ချင်းတွင်းမြစ်ကမ်းပေါ်က ဝန်ဘိုရွာမှာ ဇနီး၏ အမျိုးများရှိ၏။
လူမျိုးစုံစွာ ဝင်ဆံ့အောင် ပေါင်းရပါ၏။
ဝန်ချတောင်းပန်တာ မခံရဘူးပါ။ ဝန်ခံတာတော့ တွေ့ရဘူး၏။
ဝန်ထုပ်ဝန်ပိုးနဲ့ ဝန်စည်စလယ် များများမသယ်နိုင်တော့ပါ။
လှည်းဝင်ရိုးသံ တညံညံ ပုဂံကိုတခေါက် ရောက်ရချင်သေး၏။
ငယ်ငယ်က ဝန်ထောက်ဖြစ်ချင်ခဲ့ဘူး၏။ Smile!

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး