Voyage ရွက်လှေ

အခုစာရေးနေချိန်မှာ ပြည်ပနိုင်ငံရေးလုပ်ဘော်ကိုင်ဘက်တဦး ပြည်တွင်းကိုရောက်နေတယ်။ သူအလည်ပြန်နိုင်တာ ဘယ်နှစ်ခေါက်လဲ မသိ။ နော်ဝေသည် ယူအက်စ်အေထက်နီး၏။ ယင်းမာပင်သည် ပုလဲထက်နီး၏။ ဒေလီသည် အင်ဒီယာနာထက်နီး၏။

ဆေးကျောင်းသူငယ်ချင်း အမျိုးသမီးဆရာဝန် နှစ်ယောက်လည်း အလည်ပြန်နေကြတယ်။ သူတို့ကလည်း တယောက် တိုင်းပြည်တခုစီမှာနေကြတာ။ ဟောင်ကောင်နှင့် နယူးယောက်တို့သည် အင်ဒီယာနာပုလစ်ထက် နီးကြ၏။

လာလိုလျှင် အနီးလေးလို့ရေးတာတွေ ကြိမ်ဖန်များစွာ ဖတ်ဖူးထားပြီးဖြစ်။ ခရီးမိုင်သည် အတားအဆီးတမျိုးသာဖြစ်၏။

ဓါးတောင်ကိုသော်လည်းကောင်း မီးပင်လယ်ကိုသော်လည်းကောင်း တက်ကျော်ဖြတ်ရသူတွေ တကယ်ပင်ရှိ၏။

အကျွန်ုပ်အကယ် အလည်ပြန်ဖြစ်ပါက အချိန်ဗီဇာကိုဝယ်ယူနိုင်ပြီး အခြေအနေပြည်ဝင်ခွင့်ပါရလို့ဖြစ်၏။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး