ကိုယ့်ကိုယ်ကို အားကိုးပါ
၁။ ကိုယ့်ကိုကိုယ် အားကိုးပါ နဲ့ ကိုယ့်ကိုယ်ကို အားကိုးပါ၊ ဘယ်ဟာမှန်ပါသလဲဆရာ။
သတ်ပုံစာအုပ်ဟောင်းတွေမှာ အဲတာကို အတိအကျမပါ။ ခုခေတ်ဆရာတချို့က ရေးခိုင်းနေတာတော့ ကျွန်တော်က သဘောမတူနိုင်ပါ။ ကျောင်းနေကတည်းက ကိုယ့်ကိုယ်ကိုလို့သာသင်ခဲ့ပါတယ်။ ခုဆရာတွေက ကျွန်တော့်နောက်မှ စာသင်ကြသူတွေ များမယ်ထင်တယ်။
မိမိကိုယ်မိမိလို့ ရေးတာတော့ နားလည်သူများမယ်။ ပဌမမိမိက ကိုယ့်နဲ့၊ နောက်မိမိက ကိုသဘောဖြစ်တယ်။ အလယ်ကိုယ်က အတူတူ။ နောက်ကိုဆိုတာ ဘယ်သူ့ကိုလို့ ပြောလိုတာဖြစ်တယ်။ အဲလိုစဉ်းစားရင် ကိုယ့်ကိုယ်ကို ကို နားလည်နိုင်ပါတယ်။
၂။ ဆရာရှင့် သမီးက အသက် ၂၈နှစ်ပါ။့ မှာသားဦးလေးကိုယ် မွေးဖွားခဲ့ပါတယ်။ သားလေးကိုယ် ခွဲမွေးခဲ့တာပါဆရာ။ သားလေးကိုယ်လဲ မိခင်နိ့တိုက်နေတာပါရှင့်။ (သားလေးကိုလို့ ရေးရတယ်။ ကိုယ်ခွဲမရှိလို့ ရေးရတယ်။)
၃။ အသက် ၂၈ ဆရာ ရာသီမလာတလ ကိုဝန်ဖျက်ဆေးနဲ့ နည်းလမ်းလေးကူညီပါဆရာ့ တပြားကျွေး တပြား မိန်းမဂိုထဲထည့် ခြေနေမထူးလို့ပါဆရာ။ (ကိုယ်ဝန် ဖျက်မပေး၊ ဖျက်နည်း မပေး။ ကိုယ်ဝန်လို့ ရေးရတယ်။ မိန်းမကိုယ်လို့ ရေးရတယ်။)
၎။ ကွကိုလို့ စတန့်ထွင်ပြီးရေးနေကြတယ်။ မေးခွန်းတခုက အဲ့ဒါနဲ့ ကွကိုယ်သောက်လိုက်ပါတယ်လို့ ရေးတယ်။ အရင်သုံးခဲ့ဘူးတဲ့ဆေးကို သူ့ဖါသာသူ ဆရာဝန်ကို မပြောတော့ပဲ သောက်တယ်လို့ ပြောချင်တာထင်တယ်။
ကွကိုဆိုတာ ကိုယ့်ဟာကိုယ်လို့ ပြောချင်တာဖြစ်ပါမယ်။ ကိုယ့်ဟာကိုယ် နဲ့ ကိုယ့်ဟာကို မတူပါ။ ကို နဲ့ ကိုယ် မတူပါ။ သူ့ကို၊ သူတို့ကို။ ကိုဆိုတာ ရှေ့က ကံပုဒ်ကို ပြုလုပ်တာဖြစ်တယ်။ ကိုယ်ကတော့ ကိုယ်တိုင်ဖြစ်တယ်။ ကိုယ့်စာကို ကိုယ်တိုင်ပြင်တယ်။ ကိုယ့်ကိုယ်ကို ကျေနပ်နေတယ်။
ကွကိုဆိုရင် ကွကို တယောက်ယောက်ကနေ ပြုလုပ်တာဖြစ်တယ်။ ကွက ခံရတာ။ ကိုယ့်ဖါသာ၊ ကျမဖါသာ၊ ကျနော့်ဖါသာ၊ မိမိဖါသာလို့ သုံးသင့်ပါတယ်။ ကိုယ်တိုင်လို့ရေးလည်း မမှားပါ။
ကို
ကိုလူချော (လူအမည်)၊
ကိုကင်းဆေး
ကိုဓဥပဒေ
ကိုရင်သာမဏေ
ပင်ကိုနာမ်၊
ပင်ကိုသဘော၊
ပင်ကိုရေးဝတ္ထု၊
ပင်ကိုမူလ၊
ကိုယ်
ကိုယ်ထူကိုယ်ထ
ကိုယ်ရေးရာဇဝင်
ကိုင်တိုင်ကိုယ်ကြပ်
ကိုယ်ကျင့်တရား
ကုိယ္က်ပ္အက်ႌ
ကိုယ်ကျိုးနည်း
ကိုယ်ခံဆေး
ကိုယ်ချင်းစာတရား
ကိုယ်ခန္ဓာ
ကိုယ်စွမ်းကိုယ်စ
ကိုယ်စားလှယ်
ကိုယ်စီကိုယ်င
ကိုယ်တုံးလုံး
ကိုယ်တိုင်ကိုယ်ကျ (မိမိကိုယ်တိုင်)
ကိုယ်ထင်ပြ
ကိုယ်ထည်
ကိုယ်ထီးကျန်
ကိုယ်ထူးကိုယ်ချွန်
ကိုယ်ပစ်လက်ပစ်
ကိုယ်ပိုင်အုပ်ချုပ်ရေး
ကိုယ်ဖိရင်ဖိ
ကိုယ်ရံကြီးပင်
ကိုယ်ရုံသင်္ကန်း
ကိုယ်ရံတော်တပ်
ကိုယ်ရင့်တတူ
ကိုယ်ရည်သွေး
ကိုယ်ရှိန်သတ်
ကိုယ်လုံးကိုယ်ပေါက်
ကိုယ်လုံးတီး
ကိုယ်လုံးပေါ်မှန်
ကိုယ်လွတ်ရုန်း
ကိုယ်လုပ်မောင်းမ
ကိုယ်ဝတ်သင်းပိုင်
ကိုယ်ဝန်ဆောင်
ကိုယ်တွေ့မျက်မြင်
ကိုယ်ယောင်ပြ
ကိုယ်ယောင်ဖျောက်
ကိုယ်ရောင်ကိုယ်ဝါ
ကိုယ်လေးလက်ဝန်
မိမိကိုယ်မိမိ
ဂို
နဂိုမူလ
ဂိုထောင် (ဟိန္ဒီစကား)
နဂိုဇာတိ
ဂိုရ်
စမ္ပါနဂိုရ် (အရင်က စမ္ပန္နဂိုရ်လို့ရေးတယ်)
နဂိုရ် = နဂရ = မြို့
သင်္ကဿနဂိုရ် = မြတ်စွာဘုရား လူ့ပြည်ကို ပြန်လည်ကြွတဲ့နေရာ
ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၈
၁၆-၂-၂ဝ၁၈
၂၈-၃-၂ဝ၁၈

Comments
Post a Comment