ရွာ့ပြင် ယာထဲ

ယင်းမာတွေက ဖူးဖူး
မုတ်သုန်လေက မြူးမြူး
ငွေမြားတံတွေ စူးစူး

တံတားဦးမှာ မိုးမှုန်မှုန်
စိမ့်စိမ့်အေးလို့ ချမ်းကာတုန်
စောင်ခြုံကွေးလို့ ထွေးမလုံ
မီးပုံမွှေးလို့ စုဝေးလှုံ

မီးပုံယာထဲ မိုးဖွဲဖွဲ
ကွမ်းငုံဝါးလို့ ပါးစောင်ခဲ
ဖိုးသာအောင်ရဲ့ တဖက်တဲ

အဖိုးယာထဲ ပျိုးတွေထောင်
ကန်စွန်း ကညွတ် ပဲ ချဉ်ပေါင်
ရုံပတီးက သီးတွေအောင်

ပြာရောင်တိမ်မှေး မိုးကပြေး
အိမ်ပြန်မဝေး ညှင်းလေသွေး
ချဉ်ပေါင်တဆုပ် ပေးပါလေး။

(၁၉၇၅ ခုနှစ် သြဂုတ်လထုတ် တေဇရုပ်စုံမှ နုယဉ်၏ ကဗျာ)

ဖိုးသာအောင်ရဲ့ တစ်ဖက်တဲ မဟုတ်။ ချဉ်ပေါင်တစ်ဆုပ် ပေးပါလေး မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်