ဥပမာ နှင့် ဥပါယ်တံမျဉ်

ဥပါယ်တံမျဉ်ဖြင့် ဆုံးမလိုက်သည်လို့ ဖတ်ဖူးတာ ဥပမာပေးပြီး ဆုံးမတယ်ထင်နေတာ ဒါဆို မဟုတ်ဘူးပေါ့နော်ဆရာ။

ဥပါယ်တံမျဉ်ဆိုတာ ဥပါယကလာတယ်။ ပရိယာယ်၊ နည်း၊ အကြောင်း၊ စီရင်ခြင်း၊ ကပ်လှာခြင်း၊ လတ်တလော အကြောင်းလို့ အဓိပ္ပါယ်ရတယ်။ ဥပါယ်တမည်လို့ ပါဠိ-မြန်မာအဘိဓါန်မှာရေးတယ်။ ဥပါယ်တံမျဉ်ဖြင့် ရအောင်လုပ်သည်၊ ဥပမာပေးပြောဆိုသည်လို့ ရေးနိုင်ပါတယ်။

ဥသျှစ်ရွက်လား ဦးသျှစ်ရွက်လား ဆရာ။ ဥသျှစ်ရွက်ကမှန်တယ်။


ခိုဥ
ငုံးဥ
ကြက်ဥ
ဘဲဥ
အက်ဥပဒေ
ဥရူတိုင် (အိမ်)
ဥကင် ရာဇပလ္လင်
ဥကင်ဖွင့်
ဥချိုးငှက်
ဥတည်ဖွါးမင်း
ဥတလုံး
ဥတုဇရုပ်
ဥတုရာသီ
ဥဒည်းတောင်
ဥဒဟို
ဥဒါန်း
ဥဒါန်းကျူး
ဥဒါန်းမကျေ
ဥဒါဟရုဏ်
ဥဒါဟို (အဆက်မပြတ်၊ တစုတခဲမပျက်၊ တုတ်ချင်းခတ်)
ဥပစာနည်း
ဥပဇ္ဈယ်ဆရာ
ဥပဒ် ဘေးရန်
ဥပဓိရုပ်
ဥပပတ်နတ်
ဥပပါတ် (သေလျှင်သေခြင်း လားရာဘုံဘဝ၌ ၁၆ အရွယ်ဖြစ်သွားသူ)
ဥပမည်း
ဥပမာ
ဥပရာဇ်မင်း
ဥပါဒါန်
ဥပါဒ် (ဥပ္ပါဒ = စိတ်၌ဖြစ်သော ခဏငယ်၊ ဥပါဒ်ဌီဘင်)
ဥပါပျံ (ဥပ္ပာတ်ပျံ)
ဥပါဘီလူး
ဥပါယ်တံမျဉ်
ဥပုသ်
ဥပစ္ဆေဒကကံ
ဥပဒေ
ဥပေမးယ်
ဥပမေယ်း
ဥပေမယ်
ဥသြငှက်
ဥသြသံ
ဥဗျိုင်း
ဥဘုတ်ငှက်
ဥဘတောဗျည်း
ဥမင်လိုဏ်ခေါင်း
ဥမွန်းပင်
ဥယျာဉ်
ဥသဘနွား
ဥသျှစ်သီး
ဥတေနမင်း
ဥဒေါင်းငှက်
ဥပေက္ခာ
ဥယျောဇဉ်စကား
ဥနှဲပင်

ဒေါက်တာတင့်ဆွေ
၁ဝ-၃-၂ဝ၁၈
၁၇-၃-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး