ဖြေပေးပါဦး

ဒေါတ်တာ မ၊ အသက် ၂၃ နှစ်ပါ။ ကိုယ်ဝန်တလ ရှိပြီ။ သွေးမဟုတ်ဘဲ မဲမဲကြီးတွေဆင်းနေတယ် ဘာလို့လဲ ဖြေပေးပါနော်

ကိုယ်ဝန်ရှိနေစဉ် တခုခုဆင်းတာ မကောင်း။ ဆောရီး။ စောင့်ကြည့် စမ်းသပ် စစ်ဆေးရန်လို။

ဒေါက်တာ ကိုယ်ဝန်ရှိမှန်းမသိလို့ ကေသီပန်သွေးဆေးတွေသောက်မိတယ် ကလေးဆီထိနိုင်လား ဖြေပေးပါအူးနော်

အရပ်ဆေး ဗမာဆေး လမ်းဘေးဆေးတွေမှာ ဆေးသုတေသနမရှိ။ မသိ။ ဆောရီး။ မြန်မာစာသတ်ပုံမှာ အူးလို့မရှိပါ။ အရင်ထုတ်သတ်ပုံစာအုပ်တွေမှာလည်း ဦး၊ အုန်း၊ အုံးတွေအောက်မှာ ဒီလိုသဘောအသုံးမပါ။ နောက်ပိုင်းမှသာ လုပ်ပါဦးလို့ သုံးလာကြတယ်။ စားပါအုံးလည်း အရင်ကတည်းကသုံးတာတွေ့တယ်။ နောက်ပိုင်း ပြောပါအုန်းလို့လည်း သုံးလာကြတယ်။ ဦးလို့က အမှန်ဆုံး ထင်တယ်။

ဦး
စားပါဦး၊
ဒိုက်ဦးမြို့၊
ရှိခိုးဦးချ၊
အစကနဦး၊
ဦးဆက်၊
ဦးထိပ်ပန်ဆင်၊
ဦးထုပ်၊
ဦးပဉ္ဇင်း၊
ဦးမလေး (ဝန်ပေါ့)၊
ဦးရီး၊
ဦးခေါင်း၊
ဦးဆောက်ပန်း၊
ဦးပေါင်းစင်းနှင့် မြင်းညိုရှင်၊
ဦးနှောက်၊
ဗွေဆော်ဦး၊
ရှေးဦးစွာ၊

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)