မဲ့ မယ့် ဒါပေမဲ့ သို့ပေမဲ့

၁။ ဆရာ သို့ပေမယ့် သို့ပေမဲ့ သို့ပေမင့် ဘယ်ဟာက အမှန်လဲရှင့်။ တခြားစကားလုံးရှိပါသေးလားရှင့်။

၂။ ဆရာ မဲ့ နဲ့ မယ့် တွေ့ရင် ပြပါဦး

၃။ ဆရာခင်ဗျာ မဲ့ နဲ့ မယ့် အသုံးပါခင်ဗျ။ ဆရာအချိန်ရရင် တင်ပေးပါလားခင်ဗျ။

၎။ ဆရာခင်ဗျား ဒါပေမယ့်လား၊ ဒါပေမဲ့လား မကွဲပြားလို့ပါ။

မင့်ဆိုတာ စကားပြောသာသုံးတယ်။ မင့်ကိုလို့ ဆိုလိုတယ်။ သွားတော့မည့်လို့ အရင်ကမရေးခဲ့ပါ။

မည့် နဲ့ မယ့်ကို သတ်ပုံကျမ်း အဟောင်းတွေထဲမှာရော အသစ်ထဲမှာပါ မတွေ့ပါ။

အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ ဒါပေမဲ့ရော ဒါပေမယ့်ပါ မပါ။ သို့သော်လည်း၊ ဒါဖြစ်သော်လည်းကို စကားအရသုံးတာ ဖြစ်ပါမယ်။

နောက်ထုတ်သတ်ပုံစာအုပ်မှာ မဲ့ = မရှိသော၊ မည့်နှင့်အတူလို့ ဖေါ်ပြထားတယ်။ ဒါပေမဲ့ = သို့တစေ၊ သို့သော်လည်း အစား စကားပြောမှာသုံးတယ်လို့ ရေးထားပါတယ်။

မယ် လို့တော့ရှိတယ်။ မယ်ညိုငှက်၊ မယ်ဒလင်၊ မယ်ဘွဲ့မောင်ဘွဲ့၊ မယ်နု၊ မယ်တော်၊ မယ်သီလရှင်၊ အမယ်မင်း၊ အမယ်အို၊ အမယ်ကြီး၊ မယ်မင်း၊ မယ်ခွေ၊ လူမမယ်၊ ဆန်တလမယ်၊ မယ်နဲ့မောင်။ အမျိုးသမီးကို မယ်လို့သုံးတယ်။ မယ်ဗမာ၊ မယ်စကြာဝဠာ၊ မယ့်တကိုယ်စသဖြင့်။ မယ်၏ကို မယ့်လို့ရေးတယ်။

မဲ့
ငိုမဲ့မဲ့
မထီမဲ့မြင်
မရှိမဲ့ရှိမဲ့
မိဘမဲ့
မဲ့ = မရှိ
မဲ့ခွက်ခွက်
မဲ့ပဲ = ကာကွယ်သည်
မဲ့မဲ့ယွဲ့ယွဲ့ (မဲ့မဲ့ရွဲ့ရွဲ့)
မဲ့ပြုံး
မျက်နှာမဲ့
ရှုံ့မဲ့မဲ့
သစ္စာမဲ့
အတူမဲ့ပြီး
အကြွင်းမဲ့
အမှတ်တမဲ့
အမှတ်မဲ့

မြည့်
မြည့်မြည့်ကျေသည်
အသားကိုမြည့်နေအောင်ချက်သည်
ဆွေးမည့်သည်

ဒါ
ကာလီဒါသ
ဒါနပြုသည်
ဒါယကာ
ဒါယိကာမ
ဒါနောရက္ခိုသ်

အဲတာကြောင့် ကျွန်တော်ကတော့ ဒါပေမဲ့နဲ့ သို့ပေမဲ့က ပိုသင့်မလား စဉ်းစားမိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ