Black Vulture ကောင်သေလင်းတ ကျ၏တည်း

၁။ လင်းတ၊ ဠင်းတ ဘယ်ဟာမှန်။ ဇီဇာကြောင်ဆိုတာ သတ်ပုံကျမ်းမှာ ရှိ၊ မရှိ။

၂။ တချို့ မြန်မာစာအုပ်တွေမှာ လင်းတ (ငှက်အမည်)၊ ဠင်းတ (ငှက်အမည်) နှစ်မျိုး တွေ့နေရပါ၍ ဘယ်အရာကသာ သတ်ပုံအမှန် ဖြစ်ပါလဲဆရာ။

၃။ မင်္ဂလာပါဆရာရှင့် ငယ်ငယ်က ကဗျာလေးတွေ ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။ ကုဋေ ၈၀ သူဌေးသား ကဗျာလေး တွေ့ရင် တင်ပေးပါ ရှာမတွေ့ပဲ အကုန်မရလို့ပါ။ ရှေးသရောအခါ ပြည်ဗာရာဝယ် ကုဋေကြွယ်သား သူဌေးသားလျင့့် ကောင်သေလင်းတ ကျ၏တည်း။

အရင်ထုတ်တွေရော နောက်ထုတ်တွေမှာပါ ဠကို ထည့်မထားပါ။ ဝေဠုဝန်ကျောင်းတော်နဲ့ ကာဠုဒါယီအမတ်သာ တွေ့တယ်။ သတ်ပုံစာအုပ်ဟောင်းမှာ လင်းတလို့ရေးပါတယ်။ စာရေးသူတွေတချို့က ဠင်းတလို့လည်းရေးကြတယ်။ ဇီဇာကြောင်လို့ သတ်ပုံစာအုပ်ဟောင်းတွေမှာ မတွေ့သေးပါ။ သတ်ပုံစာအုပ်သစ်မှာ ပါတယ်။

ဇီ
ဇီဇဝါပန်း
ဇီရာပင်
ဇီဝက
ဇီဝဇိုးငှက်
ဇီဝိတ (အသက်)
ဇီဝိတိနြေ္ဒ
ဇီဝိန်ချုပ် (သေဆုံး)

လင်း
တလင်း (မြေပြန့်)
မိုးလင်းပြီ
ရုံတလင်းရွာ
ရှင်းရှင်းလင်းလင်း
ရှင်းလင်းသည်
လင်းကွင်း (တူရိယာ)
လင်းကျင်း
လင်းချင်းတော်မူပါ
လင်းတငှက်
လင်းတပနီငှက်
လင်းပက်ပိုက်
လင်းပိုင်ငါး
လင်းကြက်
လင်းမြီးဆွဲငှက်
လင်းယဉ် (လှေရွက်)
လင်းယဉ်တိုင်
လင်းယုန်ငှက်
လင်းပြာငှက်
လင်းရှူးငါး
လင်းလင်းကျင်းကျင်း
လင်းလပ်(တံလျှပ်)
လင်းလွန်းပင်
လင်းလျှပ် (စူးရှသောနေရောင်)
လင်းဝက်
လင်းဟုပ်ငှက်
လင်းပြောက် (ပြည့်လျှမ်းသည်)
လင်းမြွေ
လင်းရောင်ခြည်
လင်းလေး (ကြိုးတချောင်းတည်းရှိ မြားပစ်သောလေး)
လင်းလေပင်

• မောင်ငယ်ရင်သွေး နာဘိသေးလော့၊
• ရှေးသရောအခါ ပြည်ဗာရာဝယ်၊
• ကုဋေကြွယ်သား သူဋ္ဌေးအားလျှင်၊
• သားတယောက်ဖြစ် ချစ်၍တစေ အိမ်မှာနေ၍၊
• စာပေမကျ မိဘစုတေ့၊ ခန္ဓာရွေ့သော်၊
• အရှေ့အနောက် တောင်မြောက်ဘယ်မှာ မသိပါငြား၊
• သူဋ္ဌေးသားသည် သိုထားမတတ် အရပ်ရပ်၌၊
• နှံအပ်ဥစ္စာ ရှိသည့်ငှာကို၊
• များစွာကျွန်ပေါင်း မကောင်းခိုးသူ ယူ၍ပြေးရှောင်း၊ အိမ်ကိုရောင်း၍၊
• ထောင်းထောင်းကြေလျက် ခွက်လက်ဆွဲကာ တောင်းစားပါလည်း၊
• နင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ၊
• ရွာမှထွက်လေ၊ တောမှာသေသည်၊
• ကောင်သေလင်းတ ကျ၏တည်း။     ။ (ဆားတုံ ဆရာတော်)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ