Substandard တန်းမဝင် ကမ်းမမြင်

ဆရာစာပေ ဟောပြောပွဲလုပ်ရင် ဖိတ်လို့ရလား။

ဟာ့ အဲတာတော့ မလုပ်နဲ့။ ကျွန်တော်က စာရေးဆရာ စာရင်းမဝင်ပါ။ တန်းမဝင်ဘူးက ပိုမှန်မယ်။ စာပေဟောပြောပွဲတွေမှာ စာရေးဆရာမဟုတ်သူတွေကိုဖိတ်ပြီး ဟောပြောစေတာ သိပ်ဘဝင်မကျပါ။

ကျွန်တော်ရေးတာတွေ တန်းမဝင်ဘူးဆိုတာ ရသပေတံနဲ့ တိုင်းကြရလို့ပါ။ ကျွန်တော်က စိတ်ကူးယဉ်တာ အရင်ကလို မလုပ်တော့ပါ။ ကြံဖန်ပြီး ငိုခြင်းချခိုင်းတာ၊ တမင်တကာ မေတ္တာသက်ဝင်စေတာ မလုပ်ချင်ပါ။ မုန်းစရာကို တသက်လုံးနဲ့ ဆေးစဉ်မျိုးဆက်ပါ အမုန်းခိုင်းတာ။ တယ်မကြိုက်ပါ။

ကျွန်တော်ရေးတာ ကာရံပါ ကဗျာမဟုတ်တဲ့။ ကာရံမပါမှ ကဗျာဆိုသူတွေက ပြောတာ။ Smile!

ကျွန်တော်က လုပ်ခဲ့တာမှန်ပေမယ့် နိုင်ငံရေးဟောပြောပွဲမှာ ပြောခွင့်မရှိတော့ဘူးတဲ့။ ဗီဇာလျှောက်ရင် အဲတာ မလုပ်ရဆိုတာပါသတဲ့။ ဒါပေမယ့် အရင်သမတလက်ထက်မှာ အစိုးရအမှုတော်ထမ်းဘို့ ပညာရှင်တွေ ဗီဇာ လျှောက်တုန်းကတော့ ရှောရှောရှူရှူလား၊ လျှော့လျှော့လျစ်လျူပြုသလား မသိပါ။ No Smile!

ဒေါ်စုအစိုးရတက်လာတော့မှ အဲတာကိုထောက်ပြကြတယ်။ အခုဗီဇာလျှောက်လွှာမှာ အဲလိုကတိခံဝင်ချက်နဲ့ အသနားခံစာ မပါတော့ပါ။ ပြင်လာတာကို အသိအမှတ်ပြုသင့်ကြပါတယ်။

ဖရင်းတွေနဲ့တွေ့ဆုံခြင်းဆိုပြီး ကျွန်တော်က မြန်မာစာသတ်ပုံနဲ့ စကားပီသဘို့တွေပြောလို့ကတော့ ဖျာသိမ်းဘို့ စောင့်နေသူလောက်သာရှိမယ်။ Smile!

ဒေါက်တာတင့်ဆွေ
၂၇-၃-၂ဝ၁၆
၂၇-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ