April ဧပြီလ

၂ဝ၁၈ ခုနှစ် ဧပြီလဟာ မြန်မာပြက္ခဒိန်မှာ တန်ခူလပြည့်ကျော် (၁) ရက်ကနေ ကဆုန်လပြည့်ကျော် (၁) ရက်နေ့အထိ ဖြစ်တယ်။ ရာသီပန်းတွေက တန်ခူးလအတွက် ကံ့ကော်ပန်းနဲ့ ပိတောက်ပန်း၊ ကဆုန်လအတွက် စကားဝါပန်းဖြစ်တယ်။ ဧပြီလကို သင်္ကြန်လလို့လည်းဆိုနိုင်တယ်။ ၁၃ ရက်နေ့က သင်္ကြန်အကြို၊ ၁၄ အကျ။ ၁၅ တကြတ်နဲ့ ၁၆ အတက်နေ့တွေ ဖြစ်ပြီး ၁၇ ရက်နေ့က မြန်မာနှစ်သစ်ကူးနေ့ဖြစ်ပါတယ်။

လက်တင်လို Aprilis ကနေယူပြီး၊ ရိုမန် (ရောမ) ပြက္ခဒိန်မှာ April ဧပြီနာမည်ပေးထားတယ်။ ဖွင့်ရန်လို့ အဓိပ္ပါယ်ရှိတယ်။ သစ်ပင်တွေကနေ နွေဦးရာသီကိုဖွင့်လှစ်ပေးတယ်လို့ ဆိုလိုတယ်။ ဖင်လန်မှာ တောင်ယာတွေကို မီးရှို့တာစတင်တဲ့လ ဖြစ်ပြီး၊ တရုပ်ဧကရာဇ်တွေက လယ်ထွန်မင်္ဂလာပွဲဆင်နွဲတဲ့လဖြစ်တယ်။ မြန်မာပြည်မှာက မိုးဖြိုင်ဖြိုင်ကျမှသာ လယ်ထွန်မင်္ဂလာပွဲကို ကျင်းပလေ့ရှိတယ်။

ဧပြီဟာ ရောမ Venus ဗီးနပ်စ်နတ်သမီးနဲ့ ဆက်စပ်နေတယ်။ ဂရိမှာတော့ Aphrodite (Aphros) နတ်သမီးဖြစ်တယ်။ အဖရိုဒိုက်ဆိုတာ အချစ်၊ အလှ၊ သာယာမှုနဲ့ မျိုးပွါးခြင်းနတ်သမီးဖြစ်တယ်။ ဗီးနပ်စ်ဟာ ရောမဒဏ္ဍာရီမှာတော့ အချစ်၊ အလှ၊ လိင်၊ မျိုးပွါးခြင်းနဲ့ ချမ်းသာခြင်းတွေကို ကိုယ်စားပြုတယ်။ Aphrodisiac လိင်စိတ်အားပေး အစာနဲ့ဆေးများကို ရေးထားပါတယ်။ အေပြီလလို့ရေးတာကို မှားတယ်လို့ ပြောမရပါ။

ဧပြီလ အသိပညာပေးများ
• Rape Awareness Month အဓမ္မပြုကျင့်မှု အသိပညာပေးလ၊
• Jazz Appreciation Month ဂျက်ဇ် တေးဂီတလ (ယူအက်စ်)၊
• National Poetry Month အမျိုးသား ကဗျာလ (ယူအက်စ်)၊
• Parkinson's Disease Awareness Month နိုင်ငံတကာ ပါကင်ဆန်ရောဂါ အသိပညာပေးလ၊
• National Child Abuse Prevention Month အမျိုးသား ကလေးသူငယ် အလွဲပြုမှု အသိညာပေးလ (ယူအက်စ်)၊
• Sexual Assault Awareness Month လိင်ပိုင်းဆိုင်ရာ စော်ကားမှု အသိပညာပေးလ (ယူအက်စ်)၊
• Arbor Day သစ်ပင်သစ်တော ထိန်းသိမ်းရေးနေ့ (ရက်သတ်မှတ်မှု မတူပါ)၊
• Cuckoo festivals ဥသြပွဲတော် (အင်္ဂလန်)၊

ဧပြီလ သတ်သတ်မှတ်မှတ်နေ့များ
• April 1 April Fools' Day ဧပရယ်ဖူးလ် (လက်တွေ့ကျတဲ့ ရီစရာလုပ်တဲ့နေ့)၊
• April 2 World Autism Day Awareness Day ကမ္ဘာ့ အာရုံကြောဖွံ့ဖြိုးမှုချွတ်ယွင်းတဲ့ရောဂါ အသိပညာပေးနေ့
• April 2 Holy Thursday မြင့်မြတ်သော ကြာသပတေးနေ့၊
• April 3 Good Friday ကောင်းမြတ်သော သောကြာနေ့၊
• April 5 Easter Day အီစတာနေ့၊
• April 7 World Health Day ကမ္ဘာ့ကျန်းမာရေးနေ့၊ Food safety အစားအသောက် လုံခြုံစိတ်ချရရေး၊
• April 13 ထိုင်း နှစ်သစ်ကူးနေ့၊ လာအို နှစ်သစ်ကူးနေ့၊ ကမ္ဘောဒီးယား ခမာနှစ်သစ်ကူးနေ့၊
• April 14 Bengali New Year ဘင်္ဂလားဒက်ရှ် ဘင်္ဂါလီနှစ်သစ်ကူးနေ့၊
• April 14 Vaisakh နီပေါ + အိန္ဒိယ ဗိုင်ဆတ်ခ်နေ့၊
• April 16 Holocaust Remembrance Day ဟိုလိုကော့စ် (နာဇီ) အမှတ်တရနေ့၊
• April 16 National Healthcare Decisions Day အမျိုးသားကျန်းမာရေးအဆုံးအဖြတ်များနေ့ (ယူအက်စ်)၊
• April 17 Independence Day of Syria ဆီးရီးယား လွတ်လပ်ရေးနေ့၊
• April 18 Zimbabwean Independence Day ဇင်္ဘာဗွေ လွတ်လပ်ရေးနေ့၊
• April 22 Earth Day ကမ္ဘာဂြိုဟ်နေ့၊
• April 25 Liberation Day in Italy အီတလီ နာဇီလက်အောက်က လွတ်မြောက်တဲ့နေ့၊
• April 27 Freedom Day in South Africa တောင်အာဖရိက လွတ်လပ်ခြင်းနေ့၊

ဧပြီလ သမိုင်းဝင်နေ့များ
• ၁၉၆၈ ဧပြီလ ၄ ရက်နေ့မှာ မာတင်လူသာကင်း ဂျူနီယာ လုပ်ကြံခံရတယ်။
• ၁၈၉၆ ဧပြီလ ၆ ရက်နေ့မှာ ခေတ်မီ အိုလံပစ်အားကစားပွဲ ဂရိစ်နိုင်ငံ အေသင်မြို့မှာ စတင်တယ်။
• ၁၉၁၇ ဧပြီလ ၆ ရက်နေ့မှာ ပထမကမ္ဘာစစ်တုံးက ယူအက်စ်အေကနေ ဂျာမဏီကို စစ်ကြေညာခဲ့တယ်။
• ၁၉၄၈ ဧပြီလ ၇ ရက်နေ့မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ထူထောင်တယ်။
• ၁၈၆၅ ဧပြီလ ၁၄ ရက်နေ့မှာ အမေရိကန်သမတ လင်ကွန်း သေနတ်နဲ့ပြစ်ခံရပြီး နောက်နေ့မှာ ကွယ်လွန်တယ်။
• ၁၉၁၇ ဧပြီလ ၁၅ ရက်နေ့မှာ တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခဲ့တယ်။
• ၁၈၈၉ ဧပြီလ ၂ဝ ရက်နေ့မှာ ဟစ်တလာမွေးတယ်။ ၁၉၄၅ ဧပြီလ၂၉ ရက်နေ့မှာ အီဗာ နဲ့ လက်ထပ်ပြီး ဧပြီလ ၃ဝ ရက်နေ့မှာ သူ့မိန်းမနဲ့အတူ ကိုယ့်ကိုယ်ကိုသတ်သေတယ်။
• ၂ဝ၁၄ ဧပြီလ ၂၁ ရက်နေ့မှာ NLD ဦးဝင်းတင်ကွယ်လွန်တယ်။
• ၁၉၇၅ ဧပြီလ ၃ဝ ရက်နေ့မှာ ဆိုင်ဂုံ (ဟိုချီမင်း) မြို့ကျသွားပြီးနောက် ဗီယက်နမ်စစ်ကြီး ပြီးဆုံးတယ်။

ဧပြီလ သင်္ကေတများ
• Birthstone ကျောက်မျက်ရတနာ = စိန်၊
• Birth flower ပန်း = Daisy (Bellis perennis) ဒေစီပန်း၊ Sweet Pea ပဲပန်း၊
• Zodiac signs ဆယ်နှစ်ရာသီခွင် = Aries မိဿ (ဧပြီ ၂ဝ အထိ) + Taurus ပြိဿ (ဧပြီ ၂၁ မှ)

• January ဇန္နဝါရီလ http://doctortintswe.blogspot.com/2014/12/january.html
• February ဖေဖေါ်ဝါရီလ http://doctortintswe.blogspot.com/2015/02/february.html
• March မတ်လ http://doctortintswe.blogspot.com/2015/02/march.html
• April ဧပြီလ http://doctortintswe.blogspot.com/2015/03/april.html
• May မေလ http://doctortintswe.blogspot.com/2015/04/may.html
• June ဇွန်လ http://doctortintswe.blogspot.com/2015/05/june.html
• July ဇူလိုင် http://doctortintswe.blogspot.com/2015/06/july.html
• August သြဂုတ်လ http://doctortintswe.blogspot.com/2014/11/august.html
• September စက်တင်္ဘာလ http://doctortintswe.blogspot.com/2014/11/september.html
• October အောက်တိုဘာလ http://doctortintswe.blogspot.com/2014/11/october.html
• November နိုဝင်္ဘာလ http://doctortintswe.blogspot.com/2014/10/november.html
• December ဒီဇင်္ဘာလ http://doctortintswe.blogspot.com/2014/11/december.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး