တိမ်ပန်းချီ တောလား

တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊
တိမ်ပြာရောရှက်၊ မရမ်းဖက်၍၊
တိမ်သက်တန့်ရောင်၊ အဝါပေါင0်ဝယ်၊
မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊
ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊
မှုန်ခဲ့တချက်၊
ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊
တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊
ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့။

၁။ Aye Sanda Linn မရန်းလား ဆရာ မရမ်းသီးစေ့ရောင်မို့ မရမ်းရောင်လို့ ပေါင်းမယ်ထင်ထားတာ။

Tint Swe ဆရာကတော့ မူရင်းစာမှန်သမျှကို ကိုယ့်အထင်နဲ့ လိုက်မပြင်ပါ။

၂။ Myo Thet Ti ဆရာ ပြောတဲ့ စကားလုံးတွေက သတ်ပုံအမှန်တော့ မဟုတ်ဘူးလို့ ကျွန်တော် ယူဆတယ်ဆရာ

ရှင်ဥတ္တမကျော်ထက်တော်သောပညာရှင်များ၊ ကျောင်သုံးစာအုပ်ရေးသာတဲ့ဆရာတွေထက်တော်သောပညာရှင်များ အတော်များပါကလား။

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၇
၂ဝ-၃-၂ဝ၁၈


Comments