မြန်မာစာ မြန်မာမှု

ကျွန်တော် ဆယ်တန်းရောက်တော့ သိပ္ပံဘာသာတွဲယူရပေမဲ့ အိုဘီ ခေါ် စိတ်ကြိုက်မြန်မာစာကျောင်းသားဆီကနေ စာအုပ်တွေငှားဖတ်တယ်။ မင်းသုဝဏ်ရေးတဲ့ မြန်မာစာ မြန်မာမှုစာအုပ်လည်းပါတယ်။

ကြောင်တသက် ကြက်တမြုံစာလည်းပါတယ်။ ၁၉၅၆ ခုနှစ်ကရေးတဲ့စာလို့ ဖတ်ရတယ်။

(စ) ပုဂ္ဂိုလ်တဦး သောင်းကျန်းနေခြင်းကြောင့် ပုဂ္ဂိုလ်အများ အတိဒုက္ခ ရောက်နေရသောအခါမျိုး၌ ကြောင်တသက်
ကြက်တမြုံပဲဟေ့ ဟု လူကြီးသူမများ ပုံခိုင်းပြောဆို ညည်းညူသည်ကို ကြားဘူးရသည်။ (ဆုံး)

ဆရာမင်းသုဝဏ်ဆက်ရေးတာမှာ ကြောင်တသက်ပုံ ကြွက်တမြုံ၊ ကြောင်တကောင်အတွက် ကြွက်တမြံ ပျက်သည်။ ကြောင်တလက်မှ ကြောင်တသက်ပြောင်းသည်။ အဲလိုပြောင်းလဲတာဟာ ပုဂ္ဂိုလ်တဦး သောင်းကျန်းနေခြင်းကြောင့် ပုဂ္ဂိုလ်အများ အတိဒုက္ခရောက်ရခြင်းကိုပင်ဖေါ်ပြလို့ အခြေခံသဘောမှာ မထူးခြားပါလို့ပါတယ်။

အခုတော့ ကြောင်တစ်သက် ကြွက်တစ်မြုံ၊ ပုဂ္ဂိုလ်တစ်ဦးလို့ ရေးနေကြတယ်။ ပုဂ္ဂိုလ်တဦး သောင်းကျန်းခဲ့လို့ မြန်မာစာ မြန်မာတု ဖြစ်လာပါတယ်။ သူ့နောက်မှာ ကြက်တမြုံမက၊ ကြွက်တမြုံမကပါ။

နောက်လူတွေက ဆရာမင်းသုဝဏ်ထက် မြန်မာစာတော်ကြတယ်လို့ မထင်ပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂-၁၂-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး