ငန်းရိုင်းတကောင်

ဟစ်ကြော် ပျံသန်း ရင်ပေါင်တန်းနေ
တောငန်း တအုပ် ဝါဂွမ်းဆုပ်လို
လှုပ်လှုပ် ဖွေးဖွေး ဝေး ဝေး ဝေး ပေါ့
ရေးရေး မှုန်မှုန် ဝိုးတဝါး။

နောက်ဆုံး နေရောင် ငန်းတကောင်ဟာ
တိမ်မှောင်တွေအောက် ငန်းအုပ်နောက်ကို
လမ်းပျောက် မှန်းမျှေုာ် တကြော်ကြော်နဲ့
ဖော်ခေါ်သံပေး ဝေး ဝေး ဝေးပေါ့
ညရေး မှိုင်းညို အမှောင် မျိုချိန်
တိမ်ပြို လျှပ်ပြက် ငန်းရိုင်းနက်ကယ်
မိုးသက် မုန်တိုင်း ဆင်တော့မယ်။

ကြည်အောင် (၁၉၆၇)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ