Diarrhea ဝမ်းပျက် လက်ဆေးပါ

ဆရာ မင်္ဂလာပါရှင်ကျမအသက် ၂၈ပါရှင် အိမ်ထောင်ရှိပါတယ်ရှင့် သားဦးလေးမွေးထားတာ နှစ်လခွဲရှိပါပြီရှင့်ဆရာ မိခင်နို့တမျိုးတည်းသာတိုက်ကျွေးပါတယ်ရှင့် မိခင်ကဝမ်းလျောဝမ်းပျက်ဖြစ်ရင် ကလေးမှာပါဖြစ်တတ်ပါသလားရှင့်ဆရာ
မိခင်နို့ကိုဆက်တိုက်သင့်ပါလား မတိုက်သင့်ပါလားရှင့်ဆရာ။

Diarrhea ဝမ်းပျက်ခြင်း https://doctortintsweblogspotcom/2018/03/diarrheahtml

ဝမ်းပျက်ဝမ်းလျှောဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်က အများဆုံးဖြစ်စေတယ်။ ၁ဝ ခါ ဖြစ် ၉ ခါ ဖြစ်စေတာ ဗိုင်းရပ်စ်ပါ။ ဗိုင်းရပ်စ်ကြောင့်မဟုတ်ရင် ဗက်တီးရီးယားကြောင့် ဝမ်းပျက်စေပါတယ်။ ပါရာဆိုက်ဆိုတဲ့ အကောင်တွေလဲ ပါသေးတယ်။ ပါးစပ်ကနေဝင်တယ်။ ပါးစပ်ထဲ အစားအသောက်နဲ့ ရေ၊ ကလေးငယ်ဆိုရင် တွေ့ကရာထည့်တယ်။ ဘယ်အကောင် ဝင်လာလာ အူသိမ်ကို ရောင်စေတယ်။ ဝမ်းပျက်မယ်။

ဝမ်းပျက်နေသူလက်မှာ ပိုးတွေပါနေနိုင်တယ်။ တအိမ်လုံး လက်မကြာခဏဆေးကြရမယ်။ ကလေးတိုက်တဲ့ နို့ရည်ထဲမှာ ပိုးမပါ။ လက်မှာ ပါနေနိုင်တယ်။

Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု https://doctortintswe.blogspot.com/2015/06/healthy-culture_18.html

Dr တင့်ဆွေ
၁၆-၃-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး