မယ့်လမ်းပါတဲ့

ဒီချောင်းမှာ ရွှင်၊ ဗေဒါခင် ပြာလဲ့
စံပယ်ကို ယိုးမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။

ဒီချောင်းမှာ ရွှင်၊ ဗေဒါခင် ပြာလဲ့
ပျိုမယ်ကို ယိုးမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။

ဒီချောင်းမှာ ရွှင်၊ ဗေဒါခင် ပြာလဲ့
စေတီငယ် ယိုးမယ်ဖွဲ့ ကမ်းကပ်ချင်ခဲ့။

လင်းယဉ်နွဲ့ တချီချီ
ကျူရိုးရှင် သူ့စကား၊ နားကျခဲ့ပြီ။

ကျွတ်ဆုမြတ် စလွယ်ချည် ဗေဒါရီပြာလဲ့
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်း မယ့်လမ်းပါတဲ့။

ရန်ကုန်တက္ကသိုလ်နှစ်လည်စာစောင် (၁၉၅၇ - ၁၉၅၉) ပါ ဇော်ဂျီကဗျာ။

မှတ်ချက် -  လင်းယဉ်နွဲ့ တစ်ချီချီ မဟုတ်။ ကျူရိုးရှင် သူ့စကား၊ နားကျခဲ့ပီ မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်