နှုတ်ချို လျှိုတပါး

နှုတ်ချို လျှိုတပါးဆိုလားပဲ ကြားတော့ကြားဖူးတယ်ဆရာ အဓိပ္ပာယ်တော့ မသိဘူး စားလုံးပေါင်းမှားရင်လဲ ပြင်ပေးပါ

နှုတ်ချို လျှိုတပါးဆိုတာ ပါးစပ်က ချိုချိုသာသာ ပြောပြီး သူလျှိုလို သတင်းစကား ရယူနိုင်တယ်လို့ဆိုလိုတယ်။ မိသားစုထဲ၊ အရပ်ထဲမှာသာမက စုံစမ်းစစ်ဆေးသူတွေကလည်း ဒီစကားပြောနည်းကို သုံးကြတယ်။ ရည်ရွယ်ချက် မတူကြပါ။ နှုတ်ပူလက်ကြမ်းနဲ့ နှုတ်သီးကောင်းလျှာပါး ဆိုတာတွေက တခြား။

နှုတ်
နှုတ် = ခံတွင်း
နှုတ်ကပါဌ်တော်
နှုတ်ကျွံ
နှုတ်ကျိုး
နှုတ်ကျူးလက်လွန်
နှုတ်ခမ်း
နှုတ်ခွန်းဆက်
နှုတ်ချို လျှိုတပါး
နှုတ်ငုံရှိသည် (သားသန္ဓေရှိသည်)
နှုတ်ငုံဆောင်သည် (ပြန်လည်ရွတ်ဆိုပြနိုင်အောင်လုပ်သည်)
နှုတ်ဆက်သည်
နှုတ်တုံ့ပြန်
နှုတ်တတ်ဆောင်သည် (အာဂုံဆောင်သည်)
နှုတ်တုံ့လှန်
နှုတ်ပဒမြား (နှုတ်ပတ္တမြား)
နှုတ်ပူ လက်ကြမ်း
နှုတ်ကြမ်း
နှုတ်ပြန်
နှုတ်လွတ်ရ
နှုတ်လွန် လက်လွန်
နှုတ်လှံထိုး
နှုတ်သီး
နှုတ်သီးကောင်း လျှာပါး
နှုတ်ကောင်း ပြည်စိုး
နှုတ်ကောင်းခွန်းမြိန်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်