သွေးကာချီ ဖူးပွင့်ငုံဝေစီ

ကျွန်တော် အခုနေရတဲ့အရပ်မှာ မနှစ်က ဒီအချိန်မှာ သစ်ပင်လေးတွေ ဖူးပွင့်ငုံဝေစီနေကြပြီ။ ဒီနှစ် စောင့်ရဦးမယ်။

မြန်မာစကားမှာ လေသွေးတယ်ဆိုတာ တော်တော်ရိုးပါတယ်။ နှင်းဆီ အဖူးအငုံလေးတွေကို လေသွေးလိုက်တော့ ဟိုယိမ်းဒီယိမ်းနဲ့ လုပ်လီလုပ်လဲ့ဖြစ်နေတာကို ခေတ်ဟောင်းတေးရေးပညာရှင်က သွေးကာချီ ဖူးပွင့်ငုံဝေစီလို့ လှလှ ပပလေး ဖွဲ့နွဲ့ထားပါတယ်။ ဒါကို ခေတ်ပြန်ဆိုသူက ပွေ့ကာချီ ပွေ့ကာချီ ဖူးပွင့်ငုံ ဝေစီလုပ်ပစ်လိုက်တော့ ပျက်ရော။ ရုန့်ရင်းကြမ်းတမ်းလိုက်တဲ့ဖြစ်ခြင်း။ မိန်းမပျိုကလေးရဲ့ကိုယ်လုံးလေးကို ရာဂုမ္မတ္တကြီးတဦးက ပွေ့ချီသွားတာကို မြင်လိုက်ရတော့တယ်။ မောင်သာနိုးက ရေးထားတာ။

ဖူး
ကမ်းနဖူး
စိန်ဖူးတော်
ဆတ်သွားဖူး
ထိပ်ဖူး
နဖူး
ဖူးငုံ
ဖူးစာ
ဖူးပွင့်ငုံ
ဖူးဖူးမှုတ်ထားသည်
ဖူးမြင်သည်
ဖူးတွေ့သည်
ဖူးမြော်သည်
ဖူးရောင်သည်
ဖူးရွှေလက်တင်
ဘုရားဖူး
ပြောင်းဖူး

ဆရာမောင်သာနိုးစာမူရင်းမှာ တဦးလို့သာရေးထားတာကို ကူးတင်သူကနေ တစ်ဦးလုပ်ထားတယ်။ အဲလိုတွေများနေလို့ မြန်မာစာ ဖူးပွင့်ငုံဝေစီ ဖြစ်မလာနိုင်တာ။ အညွန့်ကိုတုံးစေအောင် လုပ်ထားတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၇
၃ဝ-၃-၂ဝ၁၈
Photo by Myo Myint


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ