Barter System ဘာတာစနစ်

ဟိုအရင် အသပြာမပေါ်ခင်က ဘာတာစနစ်နဲ့ အလုပ်ဖြစ်ခဲ့ကြရတယ်။ ကုန်ပစ္စည်းချင်း အလဲအလှယ်လုပ်ကြတာပါ။ အဲဒီစနစ်က ဘီစီ ၆ဝဝဝ မက်ဆိုပိုဆေးမီးယားခေတ်ကတည်းစတယ်။

ငွေဆိုတာပေါ်လာတော့လည်း ဘာတာစနစ်ကဆက်ရှိတယ်။ ဘဏ်စနစ်ဆိုတာလည်း ငွေသားကိုင်နေစရာမလိုပဲ အပေးအယူတွေလုပ်ကြတာ။ ခရက်ဒစ်စနစ်ပေါ်လာတော့လည်း ပိုက်ဆံကိုလက်နဲ့ကိုင်စရာမလိုပါ။ အဲ့ လက်နဲ့တော့ ငွေဝင်အောင်လုပ်ရတယ်။ အဲတာလည်း ဘာတာတမျိုးပါ။

မြန်မာပြည်မှာတော့ ချစ်တီးခေတ်က ပြန်မဆပ်နိုင်ရင် မြေသိမ်းခံရတယ်။ သမီးသိမ်းခံရတယ်။

နိုင်ငံရေးမှာလည်း ဘာတာရှိတယ်။ ကုန်ပစ္စည်းချင်းတော့မဟုတ် လူချင်းအလဲအလှယ်လုပ်ကြတာ။ အပေးအယူတဲ့။

မြန်မာစာရေးရင် ရှေးကဟာတွေလာမပြောနဲ့ဆိုသူက မနည်း။ ကနေ့ဖြစ်နေတာတွေက ရှေးကစနစ်ပါ။ မြန်မာစာတော့ မြေသိမ်းခံလိုက်ရပြီ။ နိုင်ငံရေးမှာ အဲလိုသာမလဲရင် သမီးသိမ်းခံရမယ်။ ကြွေးယူထားတာတွေက နှစ် ၅ဝ စာ များလွန်းလို့။ ချစ်တီးတွေလည်းရှိသေးလို့။ ချစ်တီးခေတ် ကျဆုံးပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၂-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး