ဤလည်း တဒုက္ခ

ကျွန်တော်ရေးတဲ့ တခါကမောင်စူးစမ်းထဲမှာ တခါက၊ ကျေးရွာတရွာတွင်၊ တနေ့တွင်၊ ဗျိုင်းတကောင်၊ အသက်တချောင်းလို့ အရင်ကသတ်ပုံမှန်ရေးခဲ့ပါကြောင်းပါတယ်။ အဲတာကို Aung Thu ကနေ "တစ်" မဟုတ် "တ" လို့ပြန်တင်တယ်။ ပြန်တင်တာရဲ့အောက်မှာ ကွန်မင့်တွေဖတ်ရတယ်။

၁။ Phyo Thet Naing အမှားကြီးပါ ဆရာ။

၂။ Teza Oo ပြောင်းလဲချိန်

ကွန်မင့်တခုက ပြောင်းလဲချိန်တဲ့။ အဲလိုရေးတာ ဆယ်ခါလောက်ဖတ်ရပြီးပြီ။ အမှားကနေ အမှန်ကို ပြောင်းပါလို့ တိုက်တွန်းရင် အဲတာမျိုးမလာ။ အမှန်ကိုပြန်သွားရအောင်ဆိုမှ ပြောင်းလဲချိန်တန်ပြီလို့လာတာဟာ အမှားအတိုင်းသာ ထားပါလို့ ဆိုလိုတဲ့သဘောဖြစ်နေတယ်။

အရင်ကတော့ ဤကို ကျွဲဖတ်လို့စကားရှိတယ်။ အခုတော့ ကျွဲကို ဤဖတ်နေကြတယ်။ ဤလည်း တဒုက္ခလို့ ဆိုစကားလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး