Spoken English အင်္ဂလိပ်စာကို မြန်မာလိုအသံထွက်ခြင်း

၁။ ဆရာ Spoken English နှင့်ပတ်သက်ပြီးလည်း တင်ပေးပါလား။ လေ့လာချင်လို့ပါ။ နေရတာကတောမှာ သင်ဖို့အခွင့်လမ်းက နည်းတယ်လေ။

၂။ အင်္ဂလိပ်အသံထွက်တွေ ရေးတဲ့အခါမှာလည်း၊ ဂိုဏ်း ၂ ဂိုဏ်းကွဲပါသေးတယ်။ ဥပမာ real ကို ရီးရဲ(လ်) နဲ့ ရီးရဲ(လ) အသတ်ထည့်သူ၊ မထည့်သူ ဆိုပြီးတော့။

၃။ ဆရာ အိန္ဒိယန်းတွေတော့ အင်္ဂလိပ်စာသိပ်ကောင်းတယ်ဗျာ။ ဗြိတိသျှကပေးခဲ့တဲ့ အမွေထဲမှာသူတို့ တန်အောင် အသုံးချပြလိုက်ပါပြီ။

ဗြိတိသျှ-အင်္ဂလိပ်ဖြစ်ဖြစ် အမေရိကန်-အင်္ဂလိပ်ဖြစ်ဖြစ် အစစ်ကိုသာယူသင့်တယ်။ အိန္ဒိယ-အင်္ဂလိပ်၊ မြန်မာ-အင်္ဂလိပ် ကပြားတွေကို မယူသင့်ပါ။

အင်္ဂလိပ်စာသင်တာမှာ အသံထွက်ကို လိုက်ရေးပြီး အလွတ်ကျက်မှတ်ကြတယ်။ အသံထွက်ကို နီးစပ်အောင်သာ ရေးလို့ရတာက များတယ်။

တခါက ဘုန်းကြီးကျောင်းသားတွေ အင်္ဂလိပ်စာကို အသံထွက်ပြီးအော်ဖတ်နေကြတယ်။ သင် ကြက်သားဟင်း စားသလားကို မြန်မာအသံထွက်နဲ့ ရေးထားတယ်။ တစ်တစ်ခွခွ အော်နေကြတာ။

ဒူးယူ၊ အိ(တ)၊ ဖေါင်း(လ)၊ ကာ(ရီ)။

အဲတာကို ဘုန်းကြီးကကြားတယ်။ မနေနိုင်လို့ ပေးစမ်း မင်းတို့စာအုပ်ဆိုပြီး ဖတ်ကြည့်တယ်။ အသံထွက်မှန်နဲ့ ဖတ်ပြလိုက်တယ်။ တရားဟောသလို အသံ အနိမ့်အမြင့်နဲ့။

ဒူးယူ၊ အိတ့ ဖေါင်းလ၊ ကာယီ့။

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၇
၁၈-၃-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး