Pills and Women ဆေးတွေက မကွာ ကွာတာက လူတွေ

တယောက်တည်းက မေးပါတယ်။

JAN 13TH, 12:12PM
မင်္ဂလာပါ ဆရာ ချောင်းစို ချောင်းချောက်အကြောင်းသိချင်လို့ပါဆရာ ဖြေကြားပေးပါနော်ဆရာ

JAN 13TH, 1:51PM
မေးနည်းစည်းကမ်း ပို့လိုက်တယ်။

MAR 10TH, 11:32PM
မင်္ဂလာပါ ဆရာ သမီးက ၂၅နှစ်ပါ မျက်မှန် တော့မတပ်ရသေးပါဘူး မျက်ခမ်းအောက်ကအမြဲတမ်းလှုပ်နေလို့ မျက်လုံးအနာလားသိချင်လို့ပါဆရာ

ဘလော့မှာ ဖတ်နိုင်။ (မေးနည်းစည်းကမ်းပို့ပေးထားသူက လိုအပ်ချက်အစုံမပြောလို့ ဘလော့ကိုညွှန်းလိုက်တာ ဖြစ်ပါတယ်။)

THU 4:28AM
မင်္ဂလာပါ ဆရာ ကျွန်မအသက် ၂၅ပါ အိမ်ထောင်ကျတာ ၁နှစ်ရှိပါပြီ OK တားဆေးကိုသောက်နေပါတယ် သူများတွေက Marvelon 28 က ဆေးရပ်လိုက်တာနဲ့ခလေးတန်းရတယ် Ok က ကြာတယ်လို့ ပြောလို့ပါဆရာ နောက်တနှစ်လောက်ဆို ခလေးယူချင်လို့ပါ့ Ok သောက်သင့်မသောက်သင့်ပြောပြပေးပါဆရာ

တယောက်နဲ့တယောက် မတူ။

တယောက်တည်းကမေးတာ။ ကျား-မ-အသက် စတာ ဘာမှမပြော။ မေးနည်းစည်းကမ်းပို့တော့ အသက်နဲ့ အမျိုးသမီးလို့ ပြောတယ်။ တတိယအကြိမ်မေးတော့ အိမ်ထောင်ကျတာပြောတယ်။ ကလေးလိုချင်တာပါပြီး ရာသီ မပြော။

တားဆေး စားဆေး ၂ မျိုးက အဲလိုဖြစ်တယ်လို့ အိုဂျီကပြောတာ ဟုတ်ပုံမရ။ တားဆေးတားနည်း အားလုံး ခဏခဏ (ခဏခဏ) တင်ထားတယ်။

အမျိုးသမီးတွေ တယောက်နဲ့တယောက် ဟော်မုန်းရှိကြတာ မတူကြ။ တယောက်တည်းမှာလည်း အိမ်ထောင်မကျမီ၊ ကျပြီး။ ကိုယ်ဝန်ရှိချိန်၊ ကလေးမွေးပြီးချိန်၊ တယောက်ပြီး နောက်တယောက် မွေးပြီးချိန်တွေမှာ ဟော်မုန်းရှိတာ မတူကြ။ ဟော်မုန်းပါတားဆေးတွေကနေ သက်ရောက်မှုက မတူကြ။ တားဆေးတွေက တခုနဲ့တခု မကွာလှ။ ကွာခြားတာက လူတွေ။

ချောင်းစိုမှားတယ်။ ချောင်းချောက် မှားတယ်။ ချောင်းဆိုးလို့ ရေးရတယ်။ ချောင်းခြောက်လို့ ရေးရတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး