The Presidents သမတများ

အနည်းငယ်မွမ်းမံပြီး ပြန်တင်ပါရစေ။ ဓါတ်ပုံတွေနဲ့တင်တဲ့ပို့စ်ခုကိုလည်းတွေ့တယ်။ ကျွန်တော့်မှတ်တမ်းနဲ့ နည်းနည်း ကွဲလွဲတယ်။

ပြည်ထောင်စုသမတမြန်မာနိုင်ငံ သမတများစာရင်း
၁။ စဝ်ရွှေသိုက်၊ ၄-၁-၁၉၄၈ မှ ၁၆-၃-၁၉၅၂ (၄ နှစ် + ၇၂ ရက်)၊ ဖဆပလ။
၂။ ဦးဘဦး၊ ၁၆-၃-၁၉၅၂ မှ ၁၃-၃-၁၉၅၇ (၄ နှစ် + ၃၆၂ ရက်)၊ ဖဆပလ။
၃။ မန်းဝင်းမောင်၊ ၁၃-၃-၁၉၅၇ မှ ၂-၃-၁၉၆၂ (၄ နှစ် + ၃၅၄ ရက်)၊ ဖဆပလ။
၎။ ဦးနေဝင်း၊ ၂-၃-၁၉၇၄ မှ ၉-၁၁-၁၉၈၁ (၇ နှစ် + ၂၅၂ ရက်)၊ မဆလ။
၅။ ဦးစန်းယု၊ ၉-၁၁-၁၉၈၁ မှ ၂၇-၇-၁၉၈၈ (၆ နှစ် + ၂၆၁ ရက်)၊ မဆလ။
၆။ ဦးစိန်လွင်၊ ၂၇-၇-၁၉၈၈ မှ ၁၂-၈-၁၉၈၈ (၁၆ ရက်)၊ မဆလ။
၇။ ဒေါက်တာမောင်မောင်၊ ၁၉-၈-၁၉၈၈ မှ ၁၈-၉-၁၉၈၈ (၃ဝ ရက်)၊ မဆလ။
၈။ ဦးသိန်းစိန်၊ ၃ဝ-၃-၂ဝ၁၁ မှ ၂၉-၃-၂ဝ၁၆ နေ့အထိ၊ ပြည်ခိုင်ဖြိုး။
၉။ ဦးထင်ကျော်၊ ၃ဝ-၃-၂ဝ၁၆ မှ ၂၁-၃-၂ဝ၁၈ နေ့အထိ (၂ နှစ် ၁ဝ ရက်လျော့)။ အင်နယ်လ်ဒီ။
၁ဝ။ ဦးဝင်းမြင့်၊ ၂၉-၃-၂ဝ၁၈ နေ့မှစတင်သည်။ အင်နယ်လ်ဒီ။

ယာယီသမတများ
၁။ ဦးအေးကို၊ ၁၂-၈-၁၉၈၈ မှ ၁၉-၈-၁၉၈၈။
၂။ ဦးမြင့်ဆွေ၊ ၂၁-၃-၂ဝ၁၈ မှ ၂၉-၃-၂ဝ၁၈။

သမတအမည်နဲ့မဟုတ်ပဲ တိုင်းပြည်ကိုအုပ်စိုးခဲ့သူများ
၁။ ဗိုလ်ချုပ်ကြီးနေဝင်း ၂-၃-၁၉၆၂ မှ ၁-၃-၁၉၇၄ (၁၂ နှစ်တိတိ) တော်လှန်ရေးကောင်စီဥက္ကဋ္ဌ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ သမတ၊ ရာထူးအမည်ပြောင်းပေမဲ့ ၂၃-၇-၁၉၈၈ နေ့အထိ ထိပ်ဆုံးနေရာမှာ နေခဲ့ပါတယ်။

၂။ ဗိုလ်ချုပ်မှူးကြီးစောမောင် ၁၈-၉-၁၉၈၈ မှ ၂၃-၄-၁၉၉၂ (၃ နှစ် ၂၁၈ ရက်) နဝတ ဥက္ကဋ္ဌ။

၃။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၃-၄-၁၉၉၂ မှ ၁၅-၁၁-၁၉၉၇ (၅ နှစ် ၂ဝ၆ ရက်) နဝတ ဥက္ကဋ္ဌ + ၁၅-၁၁-၁၉၉၂ မှ ၃ဝ-၃-၂ဝ၁၁ (၁၃ နှစ် ၁၃၅ ရက်) နအဖ ဥက္ကဋ္ဌ။

ကျွန်တော်တို့ငယ်ငယ်က သမတမန်းဝင်းမောင်နဲ့ ဦးဘဦးဓါတ်ပုံတွေ အိမ်မှာရှိခဲ့တယ်။ ဗိုလ်နေဝင်းအာဏာသိမ်းတော့ သိမ်းထားလိုက်ရတယ်။ ပြန်ကြည့်တိုင်း ပိုးဟပ်နံ့ရနေတာကိုပါ မှတ်မိသေးတယ်။

ဒေါက်တာတင့်ဆွေ
၆-၁၂-၂ဝ၁၅
၂၈-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး