Maung Tint Te မောင်တင့်တယ်

ဆေးကျောင်းကတည်းက အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်ကနေ ကျွန်တော်ရေးတာလေးတွေအောက်မှာ မှတ်ချက် ရေးကြတယ်။ သူတို့က ဆရာဝန်သက်သက်ဘဲလုပ်နေကြတာ။ ကျွန်တော်လို နိုင်ငံရေးထဲမှာ ဝင်ပါကြတာ မဟုတ်ပါ။ ဒါပေမဲ့ တကယ့်ပကတိ တိုင်းပြည်အခြေအနေကို ကျွန်တော်သိသလို သိကြပါတယ်။ တယောက်က ရေးတယ်။ တိမ်တောင်သဖွယ် မင်းရေးကျယ်ဆိုတဲ့စကားလောက်နဲ့တော့ မလုံလောက်တော့ဘူးထင်တာဘဲ။ မင်း၏ပရိယာယ် ငတင့်တယ်၊ နားဝယ်မလည်ရှာဆိုတာမျိုးလဲမဖြစ်စေချင်ပါတဲ့။

ငတင့်တယ်ကို လူငယ်တွေက သိချင်မှသိကြတယ်။ တကောင်းနေပြည်တော်ခေတ်ကပါ။ ပန်းပဲမျိုး မောင်နှမသုံးယောက် ရှိတယ်။ အကြီးဆုံးက မောင်တင့်တယ်နဲ့ ဒွေးဖြူ နဲ့ ဒွေးလှ၊ နှမနှစ်ယောက်။ မောင်တင့်တယ်ဟာ ကိုယ်ခန္ဓာ သန်မာ ထွားကျိုင်းပြီး၊ ခွန်အားဗလ အလွန်ကောင်းတယ်။ တနေ့တခြား မောင်တင့်တယ်ရဲ့ သတင်းကြီးလာတဲ့အခါ၊ အမတ်တွေ၊ ဝန်ကြီးတွေက မလိုမုန်းထားနဲ့ ဘုရင်ကို ကုန်းစကားလျှောက်ကြတယ်။ ဘုရင်လုပ်သူကလဲ သူ့ထီးနန်လုမှာ စိုးရိမ်လာပြီး၊ မောင်တင့်တယ်ကို ဖမ်းမိန့် ပေးလိုက်ပါတော့တယ်။ အပြစ်မရှိတဲ့ မောင်တင့်တယ်ဟာ မင်းပြစ်မင်းဒဏ်ကလွတ်ရာဒေသကို ပုပ္ပါးနယ်တ၀ိုက်မှာ ပုန်းအောင်းရတယ်။ မောင်တင့်တယ်ကို ဖမ်းမရတော့ ဘုရင်ဟာ ဥပါယ်တံမျဉ် ကြံစည်ပါတော့တယ်။ မောင်တင့်တယ်ရဲ့ နှမအကြီးကို မိဖုရားမြှောက်ပြီး အယုံသွင်းပါတယ်။ နောက်ဆုံးမှာ မောင်တင့်တယ်ကိုဖမ်းမိပြီး ရက်ရက်စက်စက် သတ်ပြစ်ရာကနေ မောင်တင့်တယ်ဟာ နတ်ဖြစ်သွားပြီး၊ အပြင် ၃၇ မင်းထဲက မဟာဂီရိနတ်လို့ အမည်တွင်လာပါတယ်။

ကောက်ချက်ကတော့ ထီးနန်းစည်းစိမ်ကိုစိုးရိမ်လို့ ဘုရင်လုပ်သူက ပရိယာယ်ဆင်ပြီး၊ သတ်ပြစ်လို့ နတ်ဖြစ်သွားသူ။ ဆိုးသွမ်းတဲ့ ဘုရင်၊ မင်း၊ အုပ်စိုးသူဆိုတာ အာဏာကိုထိပါးလာရင် ပရိယာယ်တွေဆင်မယ်၊ ဖမ်းမယ်၊ သတ်မယ်။ မင်းဆိုးတာသိပါ၊ ပရိယာယ်ကို မြင်တတ်ပါ။ မင်းထက်ဆိုးတဲ့ ကပ်မြှောင်အမတ်တွေ၊ ဝန်ကြီးတွေ၊ မင်းမှုထမ်းတွေကိုလည်း သတိထားကြပါ။

ဒီစာကို အရင်အစိုးရလက်ထက်မှာရေးခဲ့တာ။ အခုလည်း ပြင်ရေးဘို့ အကြောင်းမရှိပါ။ No Smile!

ဒေါက်တာတင့်ဆွေ
၁၂-၇-၂ဝ၁၄
၂၇-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး