မန်ဒါလီ

ဖရင်းဖြစ်တာ ၅ နှစ်ကြာဆိုတဲ့ အသိပေးချက်လေးတွေ မကြာမကြာ ရတယ်။ ငါးနှစ်ဆိုတာ ကြာတယ်လည်းဟုတ်၊ မကြာသေးလို့ပြောလည်းဟုတ်တယ်။ ငါးနှစ်အတွင်း အသစ်ဖြစ်ထွန်းတာတွေ သေချာပေါက်ရှိသလို ပျက်သုဉ်းသွားတာမျိုးလည်း ရှိတဲ့အခါရှိတယ်။

ကျွန်တော့်ဘဝကို ငါးနှစ်စီပိုင်းရင် အစိတ်အပိုင်းပေါင်း ၁၄ ခုရတယ်။ တပိုင်းနဲ့တပိုင်းက မတူကြပါ။ ပဌမ ၅ ပိုင်းမှာ ပညာစုံတယ်လို့ ပြောလို့ရမယ်။ ဆက်လည်း မသင်ယူတော့လို့။

ဒုတိယ ၃ ပိုင်းမှာ အစိုးရဆရာဝန် လုပ်ခဲ့တယ်။ အသက် ၄ဝ ကျော်စပြုပြီ။

နိုင်ငံရေးထဲမှာ ၅ နှစ်အစု ၅ စုကြာသွားလို့ အရှည်ကြာဆုံး။ ဘာရသလဲ။ တတိယနိုင်ငံမှာ အခြေချနိုင်တဲ့ ဒုက္ခသည်တဲ့။

ချောင်းကိုပစ်ခါ မြစ်ထဲကိုရှာ ရေသာများတော့သည် ထွေရာ များလှပါသည့့်

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၈
မန်ဒါလီ ပိုးအိစံ https://www.youtube.com/watch?v=Jr2uE0qik8M

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး