Posts

Showing posts from May, 2020

Hepatitis C စီပိုးသည် ငပိုးမဟုတ်

Image
cပိုးရှိနေတဲ့သူနဲ့ တအိမ်ထဲနေရင် အလွယ်တကူ ကူးစက်နိုင်လားရှင့် ကျမသမီးလေးက ၇လ ပဲရှိသေးလို့ စိတ်ပူလို့ပါဆရာ စီပိုးက သွေးကနေကူးစက်တယ်။ How to live with Hepatitis C positive person စီပိုးရှိသူနဲ့ အတူနေရသူတွေ https://doctortintswe.blogspot.com/2016/05/hepatitis-c-prevention.html C ပိုးလို့ရိုက်သင့်တယ်။ စီပိုးလို့ရေးရတာ ပိုမလွယ်ဘူးလား။ လူတိုင်းနီးပါးက အဲလိုပဲရိုက်ကြတယ်။ နားလည်ရ ခက်တယ် ငပိုး ရေးတာလိုလို။ စာရိုက်တဲ့အခါ အင်္ဂလိပ်စာလုံးနဲ့ မြန်မာစာလုံးကြား တကွက်ခြာသင့်တယ်။ ဂဏန်းနဲ့စာလည်း တကွက်ခြာသင့်တယ်။ နားလည်ကရခက်လို့ ဖြစ်ပါတယ်။ မြန်မာစာရေးနေရင်း အသက်ကို အင်္ဂလိပ်စာလုံးနဲ့ရိုက်ကြတာ ၈၀% လောက်ရှိတယ်။ ပိုလွယ်လို့လား။ ဒေါက်တာတင့်ဆွေ ၁-၆-၂၀၁၉ ၁-၆-၂၀၂၀

တချက် တချိန် တရုပ်

Image
France ပြင်သစ်ပို့စ်ကို ဖတ်ပြီး တချတ်လို့ရေးရတာလားလို့ မေးတယ်။ ကျေးဇူး။ ကင်းဝန်မင်းကြီးရေးတဲ့ လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်းစာတမ်းထဲက စာမျက်နှာ ၄၁၅ ကို ပုံရိုက်တာတာမှာ နံနက် တချတ်ထိုးအချိန်လို့ ရိုက်နှိပ်ထားတယ်။ စာအုပ်ကို ပြန်စစ်ကြည့်တယ်။ စာမျက်နှာ ၄၁၆ မှာ ၂ ချက်တီးကျော်လို့ရိုက်ထားတယ်။ စာမျက်နှာ ၄၂၁ မှာလည်း ၄ ချက်တီးအချိန်လို့ ရိုက်ထားတယ်။ အဲတာကြောင့် ခဲစာလုံးစီတဲ့ အမှားဖြစ်နိုင်တယ်။ တချက်လို့ရေးလိုတာ ဖြစ်ပါမယ်။ စာမျက်နှာ ၄၂၁ မှာပဲ ငါးနာရီတချိန်လို့ရေးတယ်။ တချိန်ကို တချိန်လို့သာရေးပါတယ်။ စာတအုပ်လုံးမှာ တရုပ်လို့ရေးပါတယ်။ ဒေါက်တာတင့်ဆွေ ၁-၆-၂၀၂၀

France ပြင်သစ်

Image
French ကို မြန်မာတွေက ဘာကြောင့် ပြင်သစ်လို့ ခေါ်ရတာလဲဆရာ မြန်မာ့စွယ်စုံကျမ်းမှာ ပြင်သစ်နိုင်ငံ၊ ပါရစ်မြို့။ ကိုကိုမောင်ရေးခဲ့တာ ပါရီတွင်သောင်တင်ခဲ့စဉ်ကလို့ ရေးတယ်။ မှတ်မိသလောက် အဲတာထဲမှာ ပြင်သစ်လို့ ရေးမယ် ထင်တယ်။ ကင်းဝန်မင်းကြီးရေးတဲ့ လန်ဒန်မြို့သွား နေ့စဉ်မှတ်တမ်းစာတမ်းမှာ ပြင်သစ်နိုင်ငံ၊ ပါရစ်မြို့လို့ရေးတယ်။ သူက အဲဒီနိုင်ငံကို အစောဆုံးရောက်ခဲ့သူလို့ ယူဆရတယ်။ သေချာတာတော့ မှတ်တမ်းတင်ခဲ့သူဖြစ်တယ်။ ကျွန်တော်လည်း ဒိထက် မသိသေးပါ။ ဆောရီး။ ကင်းဝန်မင်းကြီးက နံနက်တချက်ထိုးအချိန်လို့ ရေးပါတယ်။ ကင်းဝန်မင်းကြီးထက် မြန်မာစာတော်သူတွေကတော့ တချက်ကို တချက်လို့ မရေးကြပါ။ ကွန်မင့်များ ၁။ ပြင်သစ်က မွန်တွေရေးနဲ့နာမည်ပါ Francis ကို မွန်တွေက ပြင်သေတ် /pran sis/ လို့ခေါ်ပါတယ် အင်းဝ အနှစ်လေးဆယ်တိုက်ပွဲထဲက ထိတွေခေါ်ဝေါ်ခဲ့တဲနာမည်ပါ ပြင်သေတ်ကို ဗမာသံနဲ့ဖတ်ပြီး ပြင်သေတ် အသံထွက်တာပါ သေတ္တာ လို သေတ် လို့ဖတ်ခဲ့ပေမယ့် အသံတူ သစ် နဲ့အစားထိုးရေးသားပြိး အခုထိ ပြင်သစ်ဖြစ်နေတာပါ စကားလုံးပြောင်းလဲမှုက ပန်းဆယ်မျိုးထဲက ပန်းပဲမြို့နာမည်ထဲက ဖျာပုံ တို့နဲ့ ပုံစံဆင်ပါတယ် ၂။ မိုးကုတ်ကျောက် လုံးချောသွေးပြီးသားတွေကိုလည

အစွယ်ကိုလိုသူ မိဖုရား

Image
အဆွယ်အပွါး အစွယ်အပွါး ဘယ်တခုက အမှန်ပါလဲ ဆရာ။ အဆွယ်အပွါးကသာမှန်တယ်။ ဆွယ် ဆွယ်ကပ် ဆွယ်တရား ဆွယ်တာ ဆွယ်မြှောင် သူများအိမ်မှာ ဆွယ်နေရသည် အဆွယ်ကောင်းလို့ ပါသွား စွယ် စွယ်စုံကျမ်း စွယ်စုံဆင် စွယ်ပုန်း စွယ်ဖုံး စွယ်ရံ (သွား) စွယ်ရန်း (လှည်း၊ ရထား) စွယ်တော် စွယ်တော်ပန်း စွယ်တော်ရွက် စွယ်ယောင်ပြ ဆင်စွယ် ရန်စွယ် အစွယ်ကိုလိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ (ဆဒ္ဒန်ဆင်မင်း၊ ဦးပုည) နှစ်လွှာပေါင်းမှ တရွက်မည်သော စွယ်တော်ရွက် (သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်၊ တက္ကသိုလ်ဘုန်းနိုင်) ဟိုတနှစ်က စည်ပင်သာယာရွေးကောက်ပွဲပို့စ်တွေဖတ်ရတယ်။ မဲစွယ်တဲ့ပုံကြည့်ပါအုံး ဘယ်လောက် ရိုးစင်းလည်းဆိုတာ တဲ့။ (အမည် မထည့်တော့ပါ။ အားနာလို့) မဲဆွယ်လို့ ရေးရတယ်။ စည်ပင်သာယာရွေးကောက်ပွဲမှာ သတ်ပုံမှားတွေ မရှင်းနိုင်ရင်နေပါ၊ အစွယ်ငေါငေါနဲ့ ခွေးလေခွေးလွင့်တွေကို ရှင်းနိုင်စေချင်ပါတယ်။ ဒေါက်တာတင့်ဆွေ

Monsoon မုတ်သုန်

Image
မင်္ဂလာပါဆရာခင်ဗျား အတိုင်ပင်ခံရဲ့ facebook စာမျက်နှာမှာ မုတ်သုန်လို့ သုံးထားပြီး အဓိပ္ပာယ်လည်း ဖွင့်ဆိုထားပါတယ်။ မြန်မာ့အဘိဓာန်ထဲမှာတော့ မုတ်သုံလို့ သုံးထားပြီး အဓိပ္ပာယ် တမျိုးဖွင့်ဆိုပြန်ပါတယ်။ မည်သည့် အသုံးနဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ မှန်(လောက်)ပါလည်းခင်ဗျာ မနေ့တနေ့ကလည်း တယောက်က မေးသေးတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုတ်သုန်လေလို့ပါတယ်။ စကားမူရင်းက အာရပ် mausim ကနေလာပါသတဲ့။ အဲတာမှာတော့ ရာသီဥတုလို့ ဆိုလိုတယ်။ The word “monsoon” comes from the Arabic word mausim, meaning season. The word “monsoon” comes from the Arabic word mausim, meaning season. Basically, it describes a seasonal wind shift over a region that is usually accompanied by a dramatic increase in precipitation. ဒေါက်တာတင့်ဆွေ ၁-၆-၂၀၂၀

အေးနေကြသလား

Image
ရေဒီိယိုတခုက ဗျူးတယ်။ ရွေးကောက်ပွဲက ၅ လလောက်လိုတော့တာ ခပ်အေးအေးဖြစ်နေတာ ဘာကြောင့်လို့ ထင်ပါသလဲတဲ့။ အမေရိကန်အီလက်ရှင်ကို မေးတာမဟုတ်။ ကပ်ရောဂါကြောင့်က နည်းနည်းပါတယ်။ ကျွန်တော်တို့လူမျိုးက ကောက်ရိုးမီးဆန်တယ်။ သေချာနေတာအတွက် မပူပန်ကြာတာလည်း ဖြစ်နိုင်တယ်။ ဘာတွေ သေချာနေတာလဲ။ နိုင်မဲ့ပါတီက နိုင်မှာပဲ။ လက်ရှိလူတွေကို အားမရတိုင်း တခြားလိုက်ရှာနေကြတာကတော့ နေ့တိုင်း။ တခြား ဆိုတာတွေကလည်း ထူးမခြားနားတွေ။ စားခဲ့ဝါးခဲ့ကြသူတွေက  စိတ်ကောင်းဝင်ပြီလို့ ထင်မှတ်သူ မရှိ။ တိုင်းရင်သားနေရာတွေမှာ အင်နယ်လ်ဒီအလားအလာ။ ၁၉၉၀ ကတည်းက တိုင်းရင်းသားနေရာတွေမှာ တိုင်းရင်းသားပါတီတွေက အနိုင်ရတာများခဲ့။ အခုလည်း သိပ်ထူးစရာမမြင်။ ငြိမ်းချမ်းရေးအလားအလာ။ အစိုးရအပေါ်မူမတည်။ လက်နက်ကိုင်ထားသူတွေအပေါ်သာ မူတည်တယ်။ မက်နေခဲ့တာကြာပြီး ဖြစ်စေချင်ကြတဲ့ အိပ်မက်ကောင်း။ ဆက်မက်ကြတာပေါ့။ ဖွဲ့စည်းပုံပြင်ဆင်ရေးအလားအလာ ပိုကောင်းနိုင်မလား။ ခက်ဦးမယ်။ ကန့်လန့်တိုက်နေသူတွေက အတည့်မလျှောက်သေးသ၍ ခက်မယ်။ တခုတော့ စဉ်းစားမိတယ်။ လက်ရှိ ဗခမက ခြေလှမ်းပြင်နေပြီ။ ဘယ်ဆီလည်း ပြောမရသေး။ တခုတခုတော့ တခုခုပဲ။ ခက်တာက သူ့မှာ ထူးချွန် အားကောင်းတဲ့ ပု

မောင်နှမ

Image
ဆရာရေ တစ်ယေက်လို့ မရေးရဘူး တယောက်လို့ ရေးရတယ်ဆိုတော့ နှစ်ယောက်လို့ မရေးရဘူးလား၊ နှယောက်လား။ နှစ် ခုနစ်နှစ် မောင်နှမ နှစ်ကုန်းတကော့ နှစ်ချင်းပေါက်အောင် နှစ်ချို့ပစ္စည်း နှစ်ပတ်လည်နေ့ နှစ်ပရိစ္ဆေဒကြာမြင့် နှစ်ပါးစုံမွေး နှစ်ခြိုက်သည် နှစ်မြို့သည် နှစ်ခြင်းသာသနာ နှစ်လည်ခါကျူး နှစ်လို့သည် နှစ်သိမ့်သည် နှစ်ယောက် သုံးယောက် နှလုံးရည်နှင့်ပြည့်စုံသည် နှမြောတသ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၂၀

တပြေးညီ

Image
ကျွန်တော်တို့သည် ဘယ်သောအခါမကမှ တပြေးညီ မဖြစ်ခဲ့ပါ။ ဆင်းရဲကြသည်။ ချမ်းသာကြသည်။ စာတတ်ကြသည်။ စာမတတ်ကြပါ။ ဘုရင်တွေလက်ထက်မှာ နန်းတော်ထဲမှာ ခစားရသူတွေ၊ ကျေးရွာဇနပုဒ် နယ်စွန်နယ်ဖျားမှာ နေရသူတွေ မတူခဲ့ပါ။ လွတ်လပ်ရေးရပြီး ၁၄ နှစ်ကြာ သည်အတိုင်းသာ။ အဲတာနဲ့ ဗခက နေဝင်းအာဏာသိမ်းတော့ ဆိုရှယ်လစ်ဖြစ်လာတယ်။ အားလုံးတပြေးညီစေရမယ်။ လောကနိဗ္ဗာန်တည်ဆောက်တယ်။ ပါတီဝင်နဲ့ ပါတီမဝင်တော့ မတူ။ တင်းပြည့်နဲ့ အရန်မတူ။ စာရေးနေကြတာ တယောက်တမျိုး။ တပြေးညီစေရမယ်လို့ လမ်းညွှန်တယ်။ မူကွဲ မရှိစေရ။ သတ်ပုံကျမ်းသစ် ထုတ်စေ။ အပြီးမသတ်လိုက်ပါ။ ၂၅ နှစ် ကြာတော့ အယ်လ်ဒီစီ တိုင်းပြည်ဖြစ်ပြီး၊ နောက်တနှစ်ကြာတော့ ပြိုကွဲရော။ မြန်မာ့ဆိုရှယ်လစ်ကို ရယ်စရာ ပြောကြတယ်။ လက်ငါးချောင်းကို ညီစေအောင် ရှည်နေတာတွေ ဖြတ်တဲ့။ နောက်စစ်အစိုးရက ပိုစွမ်းတယ်။ သတ်ပုံကျမ်းသစ် ၁၉၉၁ မှာ ထုတ်နိုင်တယ်။ ဆိုရှယ်လစ်လိုမဟုတ်။ တတွေကို ဆွဲဆန့်ပေးပါတယ်။ လက်သုံးလုံးစာ စာအုပ်ကို ပြန်ထုတ်တော့ လက်လေးလုံးစာဖြစ်လာတယ်။ အဲဒီ တပြေးညီ သတ်ပုံကျမ်းကတော့ ကနေ့အထိ အသက်ဝင်တယ်။ ပဌမ မှားသတဲ့။ သမတ မှားသတဲ့။ ဗမာ မှားသတဲ့။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၂၀

မှားနည်း မတူပါ

Image
မှားနည်း မတူပါ ကွန်မင့်တခု -မတစ်ဘဲနေမှာဆိုးလို့ တစ်ခိုင်းတာပါ တဲ့။ ဆိုး နဲ့ စိုး မှားနေတယ်။ ဆိုး နဲ့ စိုး၊ တက် နဲ့ တတ်၊ ပျောက် နဲ့ ပြောက်၊ အဲတာမျိုးက သတ်ပုံမတတ်လို့ မှားတာ။ ရ ကို က လို့ရေးတာ၊ P ထည့်ရေးတာ၊ မှု့ ရေးတာ၊ အဲလိုဟာက ထွင်တာ။ မှာ ကို မာ၊ တွေ ကို တေ၊ ပြီး ကို ပီး၊ ဖြစ် ကို ဖစ် ရေးတာတွေက မတတ်တာရော ထွင်ချင်တာရော ရောပြီး မှားကြတာ။ ဟိုအရင်က တ အမှန်တွေကို စသတ်ခိုင်းတာက မြန်မာစာအဖွဲ့အမှား။ မှားနည်းတွေ မတူပါ။ ဘယ်လိုမှားမှား၊ အမှားတိုင်းက အမှန်မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၂၀

ဒွေ ဒါ ဒယ် မာ

Image
ဆရာ ကလေးဒွေ ယူဆော့ဒါနေမယ် ကျနော်လည်းဖြစ်ဖူးဒယ် ဆရာ့ ပို့စ် တခုမာ အားနာဘါဒယ်ဆရာ စာကို တမင်တကာဖျက်ရေးတာလို့ထင်တယ်။ ဒွေ၊ ဒါ၊ ဒယ်၊ မာ၊ ဘာဒယ်။ ဒွေ = ဒွေမေ ဘိက္ခဝေ (ဓမ္မစက္ကပဝတ္တနသုတ်) ဒယ် =ဒယ်အိုး ဒါ = ဒါယကာ၊ ဒါယိကာမ မာ = မာကျူရီဂြိုဟ်၊ မာကျော၊ မာမာချာ၊ မာဆရိုက်လုံချည်၊ မာယာလှည့်ဖျား၊ မာရသွန်ပြေးပွဲ၊ မာရေကျောရေပြော၊ မာလကာသီး၊ မာလကျင်ပိတ်စ။ ကိုယ်လိုလူတွေဆီ ကြိုက်သလိုရေးကြတာ ပြောရန်မရှိပါ။ ကျွန်တော့်ဆီကိုတော့ ရိုးရိုးရှင်းရှင်းလေးသာ ရေးပါရန်။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၁၉ ၃၁-၅-၂၀၂၀

Hysterectomy သားအိမ်ထုတ်ခြင်း

Image
(ကန်တော့) ဆရာရှင့် ကျွန်မ အသက် ၃၄ နှစ်ပါ ကလေးတယောက်ရှိပါတယ် ကျွန်မ သားအိမ်မှာ အကြိတ် (အကျိတ်) တွေ များကြီးဖြစ်နေတယ်လို့ ဆရာဝန်က ပြောပါတယ် သားအိမ် ထုပ် (ထုတ်) ရမယ်လို့ပြောပါတယ်  မထုပ် (ထုတ်) ချင်ပေမယ်လဲ သားအိမ်မကောင်းဘူးဆိုတော့လဲ ထုပ် (ထုတ်) ရတော့မယ် သားအိမ်ထုပ် (ထုတ်) ပြီးရင် ဝလာတယ် အိမ်ထောင်ရေးအဆင်မပြေတော့ဘူး အလေးအပင်လဲမ မရတော့ဘူး အမျိုးမျိုးပြောနေကြလို့ပါ သားအိမ်ထုပ် (ထုတ်) ပြီးရင် ဘယ်လိုဖြစ်လဲ ဘယ်လိုနေထိုင်ရမလဲ သိချင်လို့ပါ ဆရာ သားအိမ်ထုတ်တာနဲ့တော့ ရာသီမလာ ကလေးမရတာသာဖြစ်မယ်။ မျိုးဥအိမ်တွေကျန်နေသေးရင် ဟော်မုန်း ဆက်ရနေမယ်။ အလေးအပင်ဆိုတာ ဗိုက်ခွဲလူနာတိုင်း အချိန်တခုထိသာ သတိထားရတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၂၀

မင်းနားတထောင် မင်းမြှောင်တသိန်း

Image
ဒေါက်တာခင်ဗျာ။ မင်းနားတထောင်၊ မင်းမြှောင်တသိန်း ဆိုတဲ့ ဆိုရိုးစကား အဓိပ္ပါယ် သိလိုပါတယ်။ မင်းနားတထောင် မင်း၊ ဘုရင်၊ သမတ၊ ဝန်ကြီးချုပ်တို့ဟာ တိုင်းပြည်တခုရဲ့ အမြင့်ဆုံးအုပ်ချုပ်သူတွေ ဖြစ်ကြတယ်။ အစိုးရတိုင်းမှာ သူလျိုထားကြတယ်။ သူတို့က အစီရင်ခံကြရလို့ မင်းလုပ်သူက ရာဇပလ္လင်ပေါ်မှာနေပေမဲ့ သူ့တိုင်းပြည်တွင်းမှာ ဘာတွေ ဖြစ်နေသလဲ သိနိုင်တယ်။ မင်းမြှောင်တသိန်း မင်းအပါးမှာ ကပ်မြှောင်နေသူတွေကို ဆိုလိုတယ်။ အရည်အချင်းမရှိဘဲ ကပ်ဖါးရပ်ဖါးတွေဖြစ်ကြတယ်။ မင်းလိုလိုက် မင်းကြိုက်တင်သူတွေကိုလည်း ခေါ်နိုင်တယ်။မင်း၊ ဘုရင်၊ သမတ၊ ဝန်ကြီးချုပ်တိုင်းအနားမှာ အဲလိုလူတွေရှိတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၂၀

Page စာမျက်နှာ

Image
ကျွန်တော့်မှာ ဖေ့စ်ဘွတ် ပေ့ခ်ျလည်းရှိတယ်။ ကြာပါပြီ။ မကြာခဏ ဒုက္ခပေးတယ်။ တမြန်နှစ်လောက်ကစပြီး ရိုးရိုး ဖေ့စ်ဘွတ်ကို ကွန်မြူနတီစတင်းဒက်ကြောင့်ဆိုပြီး ယာဘီဘလော့တယ်။ ၇-၈ ခါလောက်ခံရတယ်။ အခု အဲလို အလုပ်မခံရတာ နည်းနည်းတော့ ကြာပြီ။ ပေ့ခ်ျက ဂွကျနေတယ်။ ဒုက္ခသစ်ပေးတယ်။ ဒေါက်တာတင့်ဆွေ စာမျက်နှာ May 9 at 11:40 AM နောက် အသစ်တင်မရတော့။ ဘာကြောင့်မှန်း မသိ။ May 18 at 7:36 PM မှာတခါ Page ပြန်ရပြန်ပြီတဲ့။ ၃ ခုတင်လို့ရပြီး မရတော့ပြန်။ ဘာကြောင့်မှန်း မသိ။ May 28 at 9:53 PM ပြန်ရပြန်ပြီတဲ့။ ၃ ခုတင်လို့ရပြီး မရတော့ပြန်။ ဘာကြောင့်မှန်း မသိ။ Page မှာ စာဖတ်သူ ပိုများသလားတော့ မသိ။ ဟိုအရင်က ပျက်ခဲ့တဲ့ Page မှာ စာအသစ်တိုင်တိုင်း ဖတ်တဲ့သူတွေ ထောင်ဂဏန်း သောင်းဂဏန်းရှိခဲ့တယ်။ ဟုတ်လား မဟုတ်လားတော့ မသိ။ Page မှာ အသစ်သာတင်မရတာ အဲဒီက အင်ဘောက်စ်မှာ မေးခွန်းတွေလာတယ်။ ပြန်ဖြေလို့လည်းရတယ်။ ဘယ်လို နေရာကနေ စာရေးကြလည်း မသိ။ ကျွန်တော်မသိတာတွေက အတော်များတယ်။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၂၀

ဝစ္စပေါက်

Image
မသိလို့ဖြေပေးပါဦးဆရာ ကျွန်တော့်အမြင်မှာ မြန်မာစာသင်ကြားနည်းတွေက ဟိုအရင်ကတည်းက ရှုပ်နေခဲ့တယ်။ အခုလည်း မရှင်းပါ။ စာသင်ခါစ ကျောင်းသားတွေအတွက် မလိုအပ်ပဲ ခက်ခဲစေတယ်။ လွယ်ကူရှင်းလင်းအောင် သင်ကြားပေးသင့်တယ်။ သရအက္ခရာဆိုတာ ဘာလဲ။ စာအုပ် တအုပ်နဲ့တအုပ် မတူပါ။ တူသင့်တယ်။ သရအက္ခရာ ၁၂ လုံးရှိတယ်။ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အံ၊ အို။ အဲတာကို အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အံ၊ အို လို့လည်းသုံးလာတယ်။ ဗျည်း (ဝဏ္ဏ) ၃၃ လုံးရှိတယ်။ က ကနေ အ အထိ။ ဗျည်းတွဲသင်္ကေတ ၄ ခုရှိတယ်။ ယပင့်၊ ရရစ်၊ ဝဆွဲ နဲ့ ဟထိုး။ နှစ်ခုပေါင်း ဗျည်းတွဲသင်္ကေတ ၅ တွဲ။ ယပင့် + ဝဆွဲ၊ ရရစ် + ဝဆွဲ။ ယပင့် + ဟထိုး။ ဝဆွဲ + ဟထိုး။ သုံးခုပေါင်း ဗျည်းတွဲသင်္ကေတ ၂ တွဲ။ ယပင့် + ဝဆွဲ + ဟထိုး။ ရရစ် + ဝဆွဲ + ဟထိုး။ ဗျည်းအသတ်တွေ ရှိတယ်။ က်၊ င်၊ စ်၊ ဉ်၊ ည်၊ တ်၊ န်၊ ပ်၊ မ်၊ ယ်။ မာဂဓ၊ သက္ကတ (ဆန်းစ်ကရစ်) နဲ့ ပါဠိတွေကနေလာတဲ့စာလုံးတွေမှာ အသတ်တမျိုးရှိတယ်။ ဂ်။ ခ်။ ဇ်။ ဉ်။ ဋ်။ ဌ်။ ဏ်။ ဒ်။ ဓ်။ ဗ်။ ဘ်။ လ်။ ဝ်။ သ်။ ရ်။ သ်။ ဟ်။ ဠ်။ အခြေခံသင်ပုန်းကြီး ၂၁ လုံးရှိတယ်။ အ၊ အာ၊ အား၊ အိ၊ အီ၊ အီး၊ အု၊ အူ၊ အူး၊ အေ၊ အေ့၊ အေး၊ အဲ၊ အဲ့၊ အ

Spin doctor ဆရာဝန် မဟုတ်

Image
မင်္ဂလာပါ ဒေါက်တာ spin doctor ကို မြန်မာလို ဘယ်လိုခေါ်လဲ တဆိတ်လောက် ရှင်းပြပေးပါ ခင်ဗျာ။ Spin doctor ဆိုတာ ဆရာဝန် မဟုတ်။ နိုင်ငံရေးအသုံးဝေါဟာရတခုဖြစ်တယ်။ နိုင်ငံရေးပါတီတခုကိုယ်စား မီဒီယာကို ပြောဆိုဖြေကြားဖို့ တာဝန်ပေးထားတဲ့ ကိုယ့်ပါတီအကြောင်း အကောင်းထင်မြင်စေအောင် ပြောဆိုတတ်တဲ့ ကျွမ်းကျင်သူ ဖြစ်တယ်။ public relations ခေါ် PR စပယ်ရှယ်လစ်။ ဒေါက်တာအစစ်တွေက အဲဒီပညာမှာ ညံ့ကြတယ်။ ကျွန်တော် ဘလော့ရတာ ၇၀၀ ကျော်ပြီ။ ဒေါက်တာတင့်ဆွေ ၃၁-၅-၂၀၂၀

မြန်မာစာ ထပ်ဖြည့်တင်ပြစရာ ရှိနေပြီ

Image
မြန်မာရှေးထုံးစကားမှာ ဈေးသုံးလည်းမလွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့ ဆိုတဲ့ဆုံးမစကားအတိုင်း ရှေးမြန်မာစာ ဆရာ့ ဆရာကြီးများ ရှေးရေးထုံး ရှေးရိုးစွဲသုံးစွဲရေးသားခဲ့ သည့်အတိုင်းသာ သုံးစွဲရေးသားသင့်သည် ဟုထင်မြင်မိပါသည် ။ ဂဏန်းသင်္ချာ ကိန်းဂဏန်းများအတွက်သာ တစ်ဟုသုံး၍ မြန်မာစာတွင် တဟု သာသုံးသင့်သည်ဟု မိမိ၏ ယူဆထားချက်ကို ဆရာ၏အထောက် အထားနှင့်ရှင်းပြမှုများက ပိုမိုခိုင်မာစေခဲ့ပါသည်။ ကျေးဇူးပါဆရာရှင့်။ ယခုနောက်ပိုင်းတွင် မြန်မာစာ မြန်မာစကား၏အဓိပ္ပါယ်လေးနက်မှု ဝေါဟာရကြွယ်ဝချမ်းသာမှု စကားလုံးတိုင်း ကိုယ်ပိုင် အနက်အဓိပ္ပါယ်ရှိနေမှုများ တွေ့ မြင်လာသောအခါ ပိုမိုမြတ်နိုးတန်ဖိုး ထားသင့်ကြောင်းတွေး မိလာသည့်အခါ တစ် အသုံးတွေ့လျှင် ဖတ်နေသည့်စာ ဖတ်နေသည့်ကဗျာ၏ တန်ဖိုးအရသာပျက်သွားသည်ဟုခံစားရပြီး ငိုချင်းတောင် ချမိမတတ် ဖြစ်ရပါသည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ဆရာကြီးဦးခင်အေး (ဓနုဖြူ -မောင်ခင်မင်) မြန်မာစာ အရေးအသား မြန်မာစာအသုံးစာအုပ် ဘဝအတွေ့ အကြုံစာအုပ် များအပါအဝင်စာအုပ် တစ်ရာ အထိထုတ်ဝေ ပြီးသောဆရာကြီး မောင်ခင်မင်သက်ရှိထင်ရှားရှိခိုက် ဤ တ နှင့် တစ် တွင် တ အသုံးသည်အမှန်ဖြစ်ကြောင်း သက်သေပြုပေးမည့် သူမှာ ဆရာကြီးဦးခင်အေး (

ဥပုသ်စောင့်သူ

Image
သူက သွေးတိုးနည်းနည်းနဲ့ ကိုလက်စထောနည်းနည်းရှိတယ်။ ဆီးချိုကိုလည်း သတိထားနေသူ။ ဆားမပါ သကြားမပါ။ ဒီအရပ်မှာ ဈေးချိုတဲ့ ဘရိုကိုလီပြုတ်ပြီး အရည်လုပ်ထားတာ။ ရောဂါတွေမရှိသေးသူကတော့ အားနာနာနဲ့ အုန်းထမင်းနဲ့ အမဲသားဟင်း၊ ချဉ်ပေါင်ချဉ်ရည်၊ ပုစွန်ခြောက်နဲ့ ငရုတ်သီးကြော် စားတယ်။ ချဉ်ပေါင်ရွက်က တနှစ်စာ ရေခဲခန်းထဲသိမ်းထာတာ။ အသစ်မပေါ်ခင် ကုန်အောင်ရှင်းရမယ်။ အသီးအရွက် လတ်လတ်ဆတ်ဆတ် စားရသူတွေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၃၀-၅-၂၀၂၀

တရားရုံး လျှောက်လဲချက်

Image
ကွန်မင့်တခု ရတယ်။ ကျေးဇူး။ ခုံတန်းတစ်လျှောက်တဲ့ တ မသုံးဘဲ တစ် တွေသုံးနေလို့ ဖတ်ရတာတော်တော် စိတ်အနှောက်အယှက် ဖြစ်ရပါသည်ဆရာ။ စာရေးဆရာ ကဗျာဆရာ တွေပါ လိုက်သုံးကုန်လို့ မြန်မာစာ အတွက် နောင်ရေးစိတ်လေးမိပါ၏ ။ သမီးတော့ ကိုယ်ကလည်းစာတတ် ပေတတ်ကြီးလည်း မဟုတ်တော့။ ရှေးစာမူတွေ အပါအဝင် အထောက်အထားပေါင်းစုံနဲ့ စေတနာမေတ္တာရှေ့ထား ရှင်းပြပေးနေတဲ့ ဆရာ့ Acc မှာ သွားဖတ်ကြဖို့ဘဲ ချစ်သောစိတ်နဲ့ ညွှန်ပြ မိပါတယ်ဆရာရှင့် တဲ့။ ကျွန်တော် စာအရေးအသားအကြောင်း ရေးတာ နှစ်အတော်ကြာပြီ။ ကိုယ်က တတ်လှလို့တော့ မဟုတ်ပါ။ နိုင်ငံရေးထဲ ဝင်လုပ်ခဲ့ရစဉ် စောစောပိုင်းက ပြည်တွင်းကစာအုပ်တွေ အပြင်ထုတ်မရခဲ့။ ရလာတော့ စာအုပ်အဖုံးတွေ ဖတ်တာနဲ့ အံ့သြခဲ့ရတယ်။ ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေကို ပြန်ထုတ်ကြတာ သတ်ပုံတွေကို တမင်တကာ မှားအောင် ပြင်ထားကြတယ်။ အဲတာက အခုထိ။ နေမကောင်းလို့မေးတာတွေကို ဖြေရချိန်မှာတော့ မေးခွန်းတွေရဲ့ ၈၀-၉၀% က အမှားမကင်းတာ တွေ့ရတယ်။ အဲတာနဲ့ စာအရေးအသား ရေးပါတယ်။ အထောက်အထား အကိုးအကားတွေကို လိုက်ရှာပြီး တင်ပြပါတယ်။ သတ်ပုံပြောင်း သမိုင်းကြောင်းကိုလည်း ရှာဖွေပြီး တင်ပြတယ်။ စာရေးဆရာတွေ ဒီမြို့မှာလာပြီးဟောပြောကြစဉ်က ကြိုဆိုနှု

ရေသည်ယောက်ျားဆို

Image
စာမွန်ပေကောင်း ကျောင်းမှာသင်ခဲ့ရသူတယောက်က ကွန်မင့်ရေးပါတယ်။ ဆံထုံးတော်ကြီး တမာသီးနှင့် ခါးစီးဝတ်လဲ ချုပ်စပြဲကို တွယ်အပ်နှင့်တွယ်လူမြင်သမျှ စိတ်ပျက်အောင် လှပါတဲ့ မရေသည် တဲ့။ သတ်ပုံ နည်းနည်းပြင်ပြီး ဖြည့်စွက်လိုက်ပါတယ်။ ရေသည်ယောက်ျားဆို ဆံထုံးတော်ကြီး၊ တမာသီးနှင့်၊ ခါးစည်းဝတ်လဲ၊ ချုပ်စပြဲကို၊ တဲအပ်နှင့်တွယ်။ လူမြင်သမျှ၊ စိတ်ပျက်အောင် လှပါတဲ့၊ မရေသယ်။   ။ ကုန်သွယ်ရေရောင်း၊ စီးပွားကြောင်းနှင့်၊ လူကောင်း ကိုယ့်မောင်၊ ရုံးလှဆောင်၊ ဝအောင်စား၍၊ ခါးဝတ်တဲ့ပြင်၊ လက်ကပ်-ခြေကပ်၊ ပိုမိုမြတ်လို့၊ အဖတ်တင်၊ အိမ်တွင်အများ၊ သံသေတ္တာနှင့်၊ လုံးစွာထား၊ ငွေသားလေးရွေးရှိပါတယ်။   ။ သည်ပစ္စည်းတွေ၊ လေးရွေးငွေကြောင့်၊ စိတ်သေလက်ချ၊ မအိပ်ရနိုင်ဘူး၊ ညမှုညလူ၊ သူခိုးများ ပူလွန်းလို့၊ ကိုယ်ထူ-ကိုယ်ထ၊ ကင်းဝတ်လှဲ့၍၊ စောင့်ခဲ့ရ၊ ကာလ မနည်းကြာပါပြီ။   ။ ညစာနံနက်၊ စားရရက်မှာတော့၊ မြက်သီးရောရါ၊ မုရင်းဆိုတဲ့၊ ဆန်အိုတာကို၊ ရတနာချဉ်ပေါင်၊ ငါးပိအရှင်း၊ ဆီမဆင်းတဲ့၊ ဟင်းများနောင်နှင့်၊ အာခေါင်ကိုဆွတ်၊ မဝင်မချင်း၊ လည်ချောင်းကိုစင်းပြီးလျှင်၊ အတင်းသာသွတ်ရတယ်။   ။ ခါးဝတ်လဲမှာ၊ မျက်မြင်ပါဘဲ။ ဥစ္စာပြည့်စုံ၊ ဓနဂုဏ်နှင့်၊ ကုံလုံဘိခြင်း၊

Anti-androgens ဆေး

မင်္ဂလာပါရှင့်ဆရာ အမ တယောက်အသက် ၃၀ အပျိုပါဆရာ ကန်တော့နော်ဆရာ ရာသီ တလတခါ ပုံမှန် လာပါတယ်ဆရာ။ ခေါင်းမှာ ဆံပင်ဖြူတွေပေါက်ပြီး ဆံပင်ကျွတ်လာပေမယ့် နုတ်ခမ်း မေးစေ့နဲ့ ခြေထောက်တွေမှာ အမျိုးသားများလို အမွေးရင့်တွေ ထွက်လာလို့ OG ပြတာ eposoft တနေ့တလုံးသောက်ခိုင်းပါတယ်ဆရာ။ ဒါပေမယ့် မသက်သာပဲ အမွေးများက ရှည်လာနေလို့ ဆရာ့ဆီ ရိုသေစွာဖြင့် အကူညီထပ်မံ တောင်းခံလိုက်ပါတယ်ဆရာ။ အမက အသက်မရှင်ချင်သည်ထိ စိတ်ထဲခံစားနေရတယ်လို့ ပြောလာလို့ပါဆရာ။ ဆရာ့ ဆောင်းပါးများကိုလဲ ဖတ်ပါတယ် ဆရာ။ တလွဲဆံပင်ကောင်းခြင်းတို့ စသည် ဖတ်ပါတယ်ဆရာ။ ဒါပေမယ့် သူတပါး၏အသက်တချောင်းမို့ ဆရာ ကိုယ်တိုင် လမ်းညွှန်သည်ကိုပဲ ပြောပြပေးချင်လို့ပါဆရာ။ ယုံကြည် အားကိုးစွာဖြင့် စောင့်မျော်နေပါတယ်ရှင့်ဆရာ တလွဲဆံပင်ကောင်းသူများစာထဲမှာ လူတာနဦးစီအတွက် ဆေးနည်းမပါ။ စမ်းသပ်ကုသပေးတဲံဆရာဝန်ကညွှန်ရတယ်။ Body hair တလွဲဆံပင်ကောင်းသူများ https://doctortintswe.blogspot.com/2014/11/body-hair.html Anti-androgens ဆေးတခုခုပေးတယ်။ ၁။ Flutamide Flutamide is a type of anti-androgen that’s used with other medications to treat certain types of prostate cancer. Flutamide b

မြန်မာစာနှင့် ကျန်းမာရေး

Image
ကွန်မင့်များသို့ ပြန်ကြားချက် မနက်ထ ညကရေးထားကြတဲ့ ကွန်မင့်တွေကို ဖတ်ပါတယ်။ မြန်မာစာနဲ့ ကျန်းမာရေး တခုစီတော့ မဖြေတော့ပါ။ မြန်မာစာ မြန်မာစာမှာ ဖေါ်မြူလာ ခေါ် ပုံသေနည်းနဲ့ သင်ပေး ရေးသား ဟောပြောနေတာတွေတိုင်းဟာ နေရာတိုင်းမှာ အသုံးကျတာ မဟုတ်ပါ။ မ နောက် ဘဲ လိုက်။ ခင်ငူဂေါဒေါပုံဝ။ ရေတွက်လို့ရရင် တစ်။ မူကွဲစာလုံးတွေကို ပြစ်ပယ်ပြီး တသွေးတသံတမိန့် ရေးနည်း မမှန်ပါ။ သမတ နဲ့ သမ္မတ၊ ပဌမ နဲ့ ပထမ၊ ဒါး နဲ့ ဓါး မုံ့ နဲ့ မုန့်၊ ကစွန်း နဲ့ ကန်စွန်း၊ ငပိ နဲ့ ငါးပိ၊ ယက္ကန်း နဲ့ ရက်ကန်း၊ ကျမ္မာ နဲ့ ကျန်းမာ၊ လက်ဖက် နဲ့ လ္ဘက်၊ မြမ္မာ နဲ့ မြန်မာ။ ဗမာ နဲ့ မြန်မာ မူကွဲမဟုတ်။ အတူတူသုံးနိုင်တယ်။ အရင်ကဗမာလို့ရေးထားတာတိုင်းကို မြန်မာလို့ အစားမထိုးရ။ ကျန်းမာရေး ဆေးပညာစာတွေကို အကိုးအကားတွေထည့်ရေးရတော့ နားလည်းရခက်စေတယ်။ ဆောရီး။ တချို့က ဒါလုပ်၊ ဒါမလုပ်ကိုသာ သိချင်ကြတယ်။ ကိုယ်ဝန်ဆောင်တွေ အားဆေး လူတိုင်းမလိုအပ်ပါ။ ဖေါလစ်အက်စစ် တမျိုးသာ အများဆုံးညွှန်တယ်။ ကိုယ်ဝန်ဆောင် အားဆေး၊ အိုမီဂါ-၃ လူတိုင်းလိုတာ မဟုတ်ပါ။ သွေးအားနည်းသူတွေ သံဓါတ်လိုတယ်။ ကိုယ်ဝန်မမြဲတတ်သူတွေ ပရိုဂျက်စတီရုန်းဟော်မုန်းဆေးတမျိုးလိုတယ်။ ကြော်ငြာကောင်းတ

တလုပ်ကယ်ဝဝ စားလိုက်ရလျှင်ဖြင့်

Image
သြော် လူ့ဘုံခန်းဝါ၊ လူ့ပြည်ရွာမှာ၊ ဝမ်းစာခဲခက်၊ မုရင်းထမင်း၊ ချဉ်ပေါင်ဟင်းနှင့်၊ ဆန်တွင်းက နက်လွန်းလို့၊ အသက်ရှိစဉ်၊ မသေခင်ကို၊ ကောက်လျင်ကြီးဆန်၊ နီတာလံနှင့်၊ ငါးသန်သေးနုပ်၊ ရေလုံပြုပ်များကို၊ တလုပ်ကယ်ဝဝ၊ စားလိုက်ရလျှင်ဖြင့်၊ အာကပါးစပ်၊ လူဖြစ်ရကျိုးနပ်လေငဲ့၊ မရပ်မနား၊ ရေကိုရောင်းလို့၊ ဝမ်းကျောင်းပါငြားကတဲ၊ စားရသည့်နေ့၊ တလလုံးတွင်မှ၊ သုံးနပ်လောက်ကယ်သာ တွေ့ရတယ်။   ။ ငွေ့နှယ်ကြေးနှယ်၊ ဘဟာ့နှယ်များကို၊ ကွယ်လေငဲ့၊ ပိတ်ပိတ်ပျောက်၊ အမွဲတကာ့ထွတ်ခေါင်၊ ဖွတ်မင်းနောင်မှာ၊ ပြာတောင်ကြီး ပေါက်ကရော့၊ ပြောင်မြောက်အောင် မွဲနိုင်တဲ့၊ ငါကိုယ်နော်။ ဦးပုညရေးသားတဲ့ ဂင်္ဂါမာလ ခေါ် ရေသည်ပြဇာတ်၊ ၁၉၅၉ ခုနှစ်မှာထုတ်တယ်။ ကျွန်တော်တို့ အထက်တန်းမှာ သင်ခဲ့ရ ဖတ်ခဲ့ရတယ်။ တလုပ်ကယ်ဝဝကို တလုပ်ကယ်ဝဝလို့သာ ရေးရတယ်။ တလလုံးတွင်မှကို တလလုံးတွင်မှလို့သာ ရေးရတယ်။ မြန်မာပြည် ဓါတ်ငွေ့သည်ဘဝရောက်တော့ သတ်ပုံတွေ ပြောင်းကုန်တယ်။ ဒေါက်တာတင့်ဆွေ ၂၉-၅-၂၀၂၀

အင်ဥ

Image
ရာသီစာ မြန်မာပြည်မှာ ပေါ်ပြီတဲ့။ သမီးက တင်ထားတယ်။ တခြားသူတွေကလည်း တင်ကြတယ်။ မုတ်သုန်ဥတုရှိတဲ့ မြန်မာပြည်နဲ့ ထိုင်းတို့မှာလည်းရှိတယ်။ False Earthstar (Truffle) လို့ခေါ်တယ်။ စည်သွပ်ဗူးနဲ့ ထိုင်းကလာတာကို Thai Truffle လို့ရေးတယ်။ မြန်မာပြည်ထွက်လားတော့ မပြောတတ်။ အင်ပင်တွေအောက်မှာ ရှာရတာ။ အင်ပင်က အတော်အသုံးဝင်တယ်။ အင်ဖက်က အော်ဂဲနစ်ထုပ်ပိုးစရာ။ အင်ဖက်ကို အင်ပြင် ခေါ် အလာဂျီအတွက် ဆေးနည်းလုပ်ကြတယ် မမှန်ပါ။ မှားတယ်။ အင်ဖက်ကကြီးလို့ မိုးရွာတဲ့အခါ ခေါင်းပေါ်မှာမိုးကြတယ်။ ဆင်းရဲသားတွေတဲခေါင်မိုးမှာလည်း အင်ဖက်နဲ့။ အကာဆူးခက် အင်ဖက်အမိုး ကျူရိုးတိုင်ထူ နေပူကျဲကျဲ ဝက်သိုက်ထဲတွင် အုတ်ခဲခေါင်းအုံး အိုးတလုံးဖျာမရှိ ဘူမိကမ္ဗလာ မြေမွေ့ယာနှင့် ချူချာတော်မူလှသော - အင်သားကလည်း အကောင်းစားမဟုတ်။ ပရိဘောဂခပ်ညံ့ညံ့သာ လုပ်နိုင်တယ်။ ငယ်ငယ်ကတော့ အဲလိုဟာမျိုးတွေ သုံးရတယ်။ သစ်စက်ကရောင်းတဲ့ အင်သားဖြစ်စတွေကို ဝင်းထံရံလုပ်တယ်။ ထင်းဆိုက်တယ်။ ဖင်ထိုင်ခုံလုပ်တယ်။ လွှဖြတ်ရတာ လွယ်တယ်။ သံရိုက်ရလည်း လွယ်တယ်။ ကြာကြာ အသုံးမခံပါ။ အင်ဥ နုမှကောင်းတယ်။ အင်ဥလတ်လတ်ဆတ်ဆတ် စားရသူတွေ နေကောင်းကြပါစေ။ ဒေါက်တာတင့်ဆွေ ၂၉-၅-၂၀၂၀

အထအနကောက်ယူခြင်း

Image
ကျွန်တော်၊ ကျွန်မ စသည့် စကားလုံးတွေ ဘယ်ကာလမှဆင်းသက်လာခဲ့ပါသလဲခင်ဗျ။ ပညတ်သွားရာ ဓာတ်သက်ပါနေသလိုဖြစ်နေသည်ဟုထင်မိပါသည် ထိုအသုံးအနှုန်း အစား ငါ ဟုသုံးစွဲသင့်ပါသလော။ ငါဆိုတာ သူ့နေရာနဲ့သူသာ သုံးနိုင်တယ်။ နေရတကာ ငါလို့ရေးရင် - ရိုင်းစိုင်းတယ်လို့ ထင်ခံရမယ်။ မိဘဆရာအဆုံးအမနည်းသူလို့ မြင်ခံရနိုင်တယ်။ အတ္တလို့ ပြောခံရနိုင်တယ်။ ကျွန်တော် https://doctortintswe.blogspot.com/2015/05/i.html ကျွန်မ နှင့် ကျမ https://doctortintswe.blogspot.com/2019/01/blog-post_96.html ကျွန်တော် ကျွန်နော် ကျနော် https://doctortintswe.blogspot.com/2017/06/blog-post_76.html ကျွန်တော် ဖြေပါရစေ https://doctortintswe.blogspot.com/2018/09/blog-post_773.html ကျမ https://doctortintswe.blogspot.com/2018/11/blog-post_90.html ကျမခေတ်မှ သမီးခေတ်သို့ https://doctortintswe.blogspot.com/2019/01/blog-post_96.html တို့ နှင့် ဒို့ https://doctortintswe.blogspot.com/2017/08/blog-post_37.html တို့ဗမာအစည်းအရုံး https://doctortintswe.blogspot.com/2016/07/blog-post_35.html ပညတ်လို့ပြောလေ့ရှိတဲ့ စကားလုံး အထအနကောက်ယူတာမှာ မမှန်

ဘူး ဖူး ဗူး

Image
ဆရာ ကြားဖူးတယ်မြင်ဘူးတယ် ဖ နဲ့ ဘ ဘယ်ဟာအမှန်လဲဆရာ ဘယ်သူမေးမေးသိပ်မသိကြလို့ပါဆရာ ဘူး နဘူးနွယ်ပင် ကြားဘူးနားဝ (အငြင်း မဟုတ်) ဘုရားဖူးဘူးသည် (အငြင်း မဟုတ်) ဘူးကွယ်သည် ဘူးခံ (နောက်သတ်ပုံ) ဘူးပင် (နောက်သတ်ပုံ)၊ ဗူးပင် (ယခင်သတ်ပုံ) ဘူးလုံးနားမထွင်း (နောက်သတ်ပုံ) ဘူးလည်သီးခတ်ချည် (နောက်သတ်ပုံ) ဘူးသပိတ်ပင် (နောက်သတ်ပုံ) မကြားဘူး မဖြစ်ဖူးဘူး (နောက်သတ်ပုံ) မမြင်ဘူး မလိုက်ဘူး (နောက်သတ်ပုံ) မရောက်ဘူး ဆေးဘူး (နောက်သတ်ပုံ)၊ ဆေးဗူး (ယခင်သတ်ပုံ) ထောင်ဘူးဝ (နောက်သတ်ပုံ) ဘူးတလုံးဆောင် အိုတောင်မဆင်းရဲ (နောက်ပေါ်) ဖူး ကမ်းနဖူး စိတ်ဖူး ဆတ်သွားဖူး ထိပ်ဖူး နဖူး ဖူးငုံ ဖူးစာ ဖူးဖူးမှုတ်သည် ဖူးမြင်သည် ဖူးတွေ့သည် ဖူးမြော်သည် ဖူးရောင်သည် ဖူးရွှေလက်တင် ဘုရားဖူး ပြောင်းဖူး ဗူး ခံဗူးကုထုံး ခံဗူးရွာ ဗူးခါးရေ ဗူးဆို့ ဗူးတလုံးဆောင် (ဗူးသီးတလုံးဆောင်) အိုတောင်မဆင်းရဲ (မူလစကားပုံ) ဗူးပင်၊ ဗူးဘုရား ဗူးမှုတ် ဗူးလုံးနားမထွင်း ဗူးသွင်းသည် ဗူးသီး ဗူးတောင်း ဗူးလေးရာ ဖရုံဆင့် ဆေးဗူး (ယခင်သတ်ပုံ) ရေဗူး မဟာစည်ဆရာတော်ရေးသားတဲ့ ဝိပဿနာရှုနည်းကျမ်းမှာ ထို့ကြောင့် မြင်ဘူး ကြားဘူး န

မင်းကောင်းပေလျက် မင်းမြှောင်ဖျက်

Image
လျက် နှင့် လျှက် ကို ဘယ်နေရာတွေမှာသုံးရလဲ သိချင်ပါတယ်ရှင့်ဆရာ။ ဆောင်ရွက်လျက်ရှိပါသည်ဆိုတဲ့ ဝါကျမှာ လွန်ခဲ့သော ၂၅နှစ်က ဆောင်ရွက်လျှက်ရှိပါသည်လို့ ရေးတယ်လို့ အဒေါ်ကပြောပါတယ်။ အဲ့ဒါ ဟုတ်ပါသလားရှင့် ဆရာ။ ကဝိဓဇသတ်ပုံကျမ်းကို ၁၉၅၄ ခုနှစ်မှာထုတ်တယ်။ ၆၆ နှစ်ရှိပြီ။ မင်းကောင်းပေလျက် မင်းမြောင်ဖျက်လို့ ရေးပါတယ်။ မင်းကောင်းပါလျက် မင်းမြှောင်ဖျက်သည်လို့ တောင်ဖီလာဆရာတော်က ဖျက်စုများမှာရေးတယ်။ အဲတာကို ကူးရိုက်တင်သူက လျှက်လို့ မှားရေးထားတာတွေ့တယ်။ မှားတင်ထားတာက မနည်းလှပါ။ လျက် ထန်းလျက်။ ပွဲလျက် (ပွဲညှက်သံထွက်သည်)။ ကြံစည်လျက်။ မင်းကောင်းပေလျက် မင်းမြောင်ဖျက်။ ပြည်ပန်းညို ချိုချင်ပါလျက် ဆားကဖျက်။ လျှာနှင့်လျက်သည်။ လျက်ဆား။ သွားလာလျက်။ ပြောဆိုလျက်။ လျှက် မုံ့တလျှက် = မုံ့ပြား (တယှက်သံထွက်သည်)။ သန်လျှက်ဓါး ရောင်ဖြူ ပြိုးပြက် ဓါးသန်လျှက်သည် ထိလျက် ရှတိုင်း မှန်သည်သာ။ သန်လျှက် သတ်ပုံစာအုပ်ဟောင်းမှာ သန်လျှက်လို့ရေးတယ်။ နောက်ထုတ်တွေမှာ သန်လျက်လို့ရေးတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ သန်လျက်လို့ရေးပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၅-၂၀၂၀

ချမ်းသာ ဆင်းရဲ

Image
တောသားတွေက လယ်တွေယာတွေအကြောင်း ပြန်ပြောင်းအောက်မေ့တတ်ကြတယ်။ တချို့က ဟိုအရင်က စာသင်ခဲ့ရတဲ့ ကျောင်းအိုအကြောင်း ပြန်ပြောင်းရေးသားကြတယ်။ တချို့က ဆင်းဆင်းရဲရဲနေခဲ့ကြရတဲ့ မိအိုဖအိုတွေကိုလည်း သတိတရ ဖွဲ့နွဲ့သီကုံးလေ့ရှိကြတယ်။ ကျွန်တော်လည်း အဲလိုလူတွေမှာပါတယ်။ သူများထက်ပိုကဲ ရေးပါသေးတယ်။ မြန်မာစာကို သတ်ပုံမှန်နဲ့ သင်ယူ ဖတ်ရှုခဲ့ရပါကြောင်း။ အခုတော့ လယ်တွေယာတွေမှာ နွားရှားလာပြီတဲ့။ တဘက်နိုင်ငံပို့စရာတွေသာ ရွေးစိုက်နေကြပြီတဲ့။ ကျောင်းအိုတွေကို ဆေးသာသုတ်ပေးနိုင်ကြတယ်။ ကျွန်တော့်ရဲ့ စက်ဘီးအိုနဲ့ဆရာပျိုတွေ၊ မြန်မာစာမိအိုဖအိုတွေကို အစားထိုးမရတော့ပါ။ အဲလိုချမ်းသာတဲ့ခေတ်ကို ကြုံခဲ့ရဖူးပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၅-၂၀၂၀

အေရှန်လီလီ

Image
ပွင့်ကြတော့မည်။ အာရှပန်းမျိုးကို ပြောတာ။ မြန်မာပြည် တချို့နေရာတွေမှာ မိုးရွာသတဲ့။ မိုးရာသီမရှိတဲ့အရပ်မှာ မိုးကပြတ်တယ်မရှိ။ မနေ့က ကလေးတွေပြန်ကြတာ အိမ်ပေါက်ဝကနေ ကားတံခါးအထိ တယောက်က ထီးမိုးလိုက်ပို့ပေးရတယ်။ အမည်နာမဆိုတာ တခါတခါ မလိုက်ဘက်ပါ။ အမည်တွေကို နိုင်ငံရေးလုပ်နေတာကြာပြီ။ ကျောင်းစာအုပ်မှာ ဂန္ထဝင် တို့ဗမာသီချင်းကို တို့မြန်မာလုပ်လိုက်သတဲ့။ မြန်မာစာ မိုးခေါင်ပါလေရော။ အမျိုးစစ်မှန်ရင် ဘယ်မှာရောက်ရောက် လှလှပပပွင့်တယ်။ ဒေါက်တာတင့်ဆွေ ၂၉-၅-၂၀၂၀

Fingers လက်ညှိုးများ

Image
ကွန်မင့်တခုရတယ်။ ကျေးဇူး။ တမင် ပေါ့ပျက်ပျက် မှားအောင် ရေးသူတွေက ကိုယ့်မြန်မာစာပေကို တန်ဖိုးမထားတာပါ တကယ်အတန်းပညာအများကြီးမသင်နိုင်ခဲ့တဲ့သူတွေ အများကြီးရှိပါသေးတယ်။ အခုခေတ်မှာ ဘွဲ့ပေးသူတွေ သတ်ပုံမှားတယ် ဒါကို လက်ခံပါတယ်။ သတ်ပုံမှားတွေကို သင်ယူခဲ့ရသူတွေရဲ့ အပြစ်လားရှင့် တဲ့။ လက်ညှိုးတွေက များတယ်။ ထိုးတာနဲ့တော့ မှန်လာမှာမဟုတ်။ လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ဘုရင်က ရာဇဝင်ဟောင်းထဲမှာသာ ရှိတယ်။ သတ်ပုံသစ်တွေဖြစ်လာတဲ့သမိုင်း ရှိတယ်။ မြန်မာစာအဖွဲ့ အစည်းအဝေးမှာ ဦးနေဝင်းကနေ လမ်းညွှန်ပါတယ်။ ဦးနေဝင်းကြောင့်လို့ပြောတာ အပြည့်အစုံ မမှန်ပါ။ သူက တပြေးညီအောင် လုပ်ကြလို့ပြောတယ်လို့ စာလုံးပေါင်း သတ်ပုံကျမ်း အမှာစာမှာ ရေးထားတယ်။ နောက်ထုတ်တွေမှာ အဲဒီအမှာစာ မပါတော့ပါ။ အဲတာကို လမ်းညွှန်သတ်ပုံ (သို့) ယူနီဖေါင်းသတ်ပုံလို့ အမည်တွင်တယ်။ ဦးနေဝင်း သြဇာသီးကြိုက်တယ်ပြောသံကြားတာနဲ့ ပြည်ကနေအပြန်မှာ တီအီးဟီးနိုးကားတစီးစာ ပို့ပေးတယ်တဲ့။ ဦးနေဝင်းအလွန်လား သြဇာခံတွေအလွန်လား။ အဲဒီကာလမှာ မန္တလေးအခြေပြုစာပေသမားတွေက သဘောမကျကြပါ။ သဘောမတူကြသူများစာရင်းက ရှည်တယ်။ နေရာမယူတဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ မြန်မာစာဆရာတွေက သဘောမတူကြလို့

စာအုပ်ထုတ်ဝေခြင်းဒုက္ခ

Image
ဆရာ ကလေးအတွက် ကျန်းမာရေး ဆောင်းပါးလေးတွေရှိရင် ဖတ်ချင်လို့ပါ။ မေးနည်းပါ ဘလော့မှာ ဖတ်လိုတာ ရှာဖတ်နိုင်။ ကလေးကျန်းမာရေးစာတွေ စာအုပ်ထုတ်မလို့ ကြိုးစားနေတယ်။ ကျွန်တော်တင်တဲ့စာတွေကို စာရိုက်ကျနေတာ သတ်ပုံလွဲနေတာတွေကို ပြင်ပေးနေသူတယောက်ကို စာစစ်အကူအညီတောင်းတာ အတော်လေး ပြီးနေပြီ။  စာအုပ်ထုတ်ပေးချင်ပါတယ်လို့ ပြောလာသူတယောက်နဲ့ ထုတ်မယ်။ နှစ်ဦးလုံးက ဖရင်းတွေ။ ဖရင်း မဟုတ်ကြသေးလို့ နေရာရှာပြီး ထည့်ထားတယ်။ နောက်စာတွေလည်း ထုတ်ချင်သေးတယ်။ ရေးပြီးသားတွေက အများကြီး။ စစ်အစိုးရခေတ်တုန်းက စာပေနယ်ထဲက မိတ်ဆွေတဦးက ကျွန်တော့်စာတွေကို စာအုပ်ထုတ်ပေးမယ်လို့ ကမ်းလှမ်းလာတယ်။ ကလောင်နာမည်မရှိတဲ့ ကျွန်တော်က နာမည်ဝှက်တခုပါရွေးတယ်။ စာတွေကို ပေါ်လစီသတ်ပုံနဲ့သာ ရိုက်ရမှာဖြစ်လို့ စာအုပ်မထုတ်ခဲ့ပါ။ နိုင်ငံရေးဘဝဇာတ်ကြောင်းလည်း ထုတ်မလို့ ဆုံးဖြတ်လိုက်ပြီ။ ဆရာမောင်စွမ်းရည်က အက်ဒစ်လုပ်ပေးမယ် ပြောထားတာ ၂ နှစ်ရှိပြီ။ ဆရာ့ကို အားနာနေတယ်။ အဲလိုစာမျိုးက အယ်ဒီတာကောင်းလိုတယ်။ ခုခေတ်မှာ အယ်ဒီတာကောင်း အတော်ကိုရှားတာ။ တိုင်းပြည်ကနေထွက်ပြေးစက ဗလာစာအုပ်တွေထဲမှာ ဒိုင်ယာရီရေးခဲ့တာတွေ ခုနစ်အုပ်လောက်ရှိတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၅-၂

Hi ရောဂါ

Image
Hi မေးနည်း ပို့လိုက်။ သိချင်တာလေးမေးရမလား Profertil ကဘယ်လောက်ကြာအောင်သောက်ရလဲဆရာ မိန်းကလေးပါ အသက်က 27 ပါ မေးနည်း ပို့ထားပြီး။ အမျိုးသမီးနဲ့ အသက်သိရ။ ရာသီနဲ့ အိမ်ထောင်ရေး မသိရ။ ဆေးကို စမ်းသပ်ကုသပေးနေတဲ့ ဆရာဝန်ညွှန်တာ သင့်။ ဒေါက်တာတင့်ဆွေ ၂၉-၅-၂၀၂၀

ဘွဲ့ရပညာတတ်

Image
ဆရာရေ လူတိုင်းက ဘွဲ့ရ ပညာတတ်တွေချည်းပဲမဟုတ်ပါဘူး သိချင်လွန်းလို့ သူ တတ်သလောက်လေး ရေးပြီး မေးတာ ဖြစ်နိုင်ပါတယ် နားလည်ပေးလိုက်ပါ ဒီလောက်ထိ စာလုံးပေါင်းမှားနေတာ တမင်ရေးတာမဟုတ်လောက်ပါဘူး။ မှန်ကန်အာင်မရေးနိုင်တာပဲဖြစ်မှာပါ ဟုတ်တယ်၊ မှန်အောင်မရေးတတ်သူတွေက များတယ်။ ကွန်မင့်ကနေရေးကြတဲ့ ဆင်ခြေတွေထဲမှာ အလွယ်ရေးလို့ လို့က များတယ်။ မြန်မာစာ ဘာကြောင့်မှားရသနည်း ၁၀ ချက်ရေးတင်ပြထားတယ်။ ဘွဲ့မရသူ အတော်ကို ရှားပါးတဲ့ခေတ်မှာ အတန်းပညာကြောင့်ဆိုတာ နည်းနည်းသာမှန်တယ်။ ဘွဲ့ရပညာတတ်အသုံးက အတော်ဟောင်းနေပြီ။ အဲလိုသုံးခဲ့ကြတဲ့ခေတ်မှာ မြန်မာစာကို မှန်အောင်ရေးခဲ့ကြပါတယ်။ လွတ်လပ်ရေးရခါစ ဆယ်စုနှစ်တွေမှာ ပေါ်ခဲ့တာ။ လက်ဝဲစာပေလည်းထွန်းကားချိန်က ပိုက်ဆံချမ်းသာသူတွေရဲ့ ဖေါက်ပြန်မှုတွေကို ထောက်ပြခဲ့တယ်။ ဆိုရှယ်လစ်ခေတ်ရောက်တော့ ပညာတတ်တွေကို နှိမ်ခဲ့တယ်။ အဲဒီအထိ မြန်မာစာမှန်အောင်ရေးကြတယ်။ စစ်အစိုးရ ဒုတိယမျိုးဆက်ကစပြီး သတ်ပုံကိုနိုင်ငံရေးလုပ်ရာကနေ ကနေ့အထိ သတ်ပုံတွေကို မှားစေထားတယ်။ ပညာတတ်ဘွဲ့ရလူကြီး (ခန့်ဖြိုး) တနေ့တနေ့ ရုံးတက် အလုပ်မပျက် မရှုပ်မယှက် လူရိုးကြီး ဦးခန့်ဖြိုး။ သူဌေးများက သဘောကျလို့ စိတ်ကြိုက် ရာထူးလေးတ

စားပွဲ စာပွဲ

Image
လေးစားစွာဖြင့်။ မရှင်းလို့ပါဆရာခင်ဗျ ကျနော် ကျမ လို့ရေးတာလား ကျွန်တော် ကျွန်မ လို့ရေးရမှာလား စားပွဲ လို့ ရေးရမှာလား စာပွဲ လို့ရေးရမှာလား အမှန်ကိုသိချင်လို့ပါခင်ဗျ။ ကျွန်တော်၊ ကျနော်၊ ကျမစာတွေ ၄-၅ ခါတင်ထားတယ်။ အခုတော့ စားပွဲလို့သာရေးကြတယ်။ အရင်က စားတာနဲ့ စာရေးတာခွဲပြီး ရေးခဲ့ကြတယ်။ ကျွန်တော် ဖြေပါရစေ https://doctortintswe.blogspot.com/2018/09/blog-post_773.html ကျမခေတ်မှ သမီးခေတ်သို့ https://doctortintswe.blogspot.com/2019/01/blog-post_96.html I, Me, Mine, Myself ကျွန်တော် https://doctortintswe.blogspot.com/2016/12/i-me-mine-myself.html ကျွန်တော် ကျွန်နော် ကျနော် https://doctortintswe.blogspot.com/2017/06/blog-post_76.html ကျွန်တော် https://doctortintswe.blogspot.com/2015/05/i.html တို့ဗမာအစည်းအရုံး https://doctortintswe.blogspot.com/2016/07/blog-post_35.html I say …သပြေခက်တို့ခေတ် https://doctortintswe.blogspot.com/2016/09/i-say.html Pronoun နာမ်စား https://doctortintswe.blogspot.com/2017/04/pronoun.html တို့ နှင့် ဒို့ https://doctortintswe.blogspot.com/2017/08/blog-pos

ကွိ

Image
ဂျာနယ်ကျော်မမလေး၏ အမှာ ဟောဒီမှာ ကွိ ဘာသာပြန်ခင်ဗျ ကျမအလုပ်ခန်းထဲသို့ စာရေးဆရာမြသန်းတင့်သည် ကွိ ဘာသာပြန်စာမူကြီးကို ပိုက်ဝင်လာကာ ကျမစာပွဲပေါ်၌ ပုံချရင်း ပြောလိုက်သည်။ ကျမမှာ စာမူထပ်ကြီးကိုကြည့်လိုက်၊ မြသန်းတင့်၏ မျက်နှာကို မော့ကြည့်လိုက်ဖြင့် တဒင်္ဂ အသက်ရှူမှားလောက်အောင် ကြက်သေ သေနေသည်။ ကိုဝင်းတင် ဘာသာပြန်ထားတယ်။ ဒေါ်မမလေး အမှာရေးပေးဖို့ ကျွန်တော့်ကို ပေးခိုင်းလိုက်တယ်။ ကျမ ကြာရှည် ကြက်သေသေမနေစေရန် သူကဆက်ပြောပြသည်။ ကိုဝင်းတင်ဟု သူပြောလိုက်မှပင် ကြက်သေ သေနေသော အရှိန်တို့သည် တစတစ ပြေ၍ သွားသည်။ ဦးဝင်းတင်ရဲ့ ကွိ ဘာသာပြန်စာအုပ်ကို ၁၉၇၅ ခု မတ်လမှာ ပထမအကြိမ်ထုတ်ပါတယ်။ ဂျာနယ်ကျော်မမလေး၊ ဦးဝင်းတင်နဲ့ မြသန်းတင့်တို့အားလုံးက သတ်ပုံမှန်နဲ့သာ ရေးခဲ့ကြတယ်။ ခုခေတ် စာရေးဆရာတွေ ကဗျာဆရာတွေက တစ်ဒင်္ဂလို့ ရေးကြတယ်။ တစ်စတစ်စလို့ ရေးကြတယ်။ ဂျာနယ်ကျော်မမလေးအရွယ်ရှိ ခုခေတ်အမျိုးသမီးတွေက သမီးအလုပ်ခန်းထဲသို့လို့ ရေးကြမယ်။ ဒေါက်တာတင့်ဆွေ ၂၈-၅-၂၀၂၀

တနေ့သ၌

Image
တနေ့သ၌ မြတ်စွာဘုရားသည် အရိယမည်သော ငါးမျှားသမား၏ ဥပနိဿယကို မြင်တော်မူ၍ သာဝတ္ထိမြိ့၏ မြောက်တံခါးအနီးရွာ၌ ဆွမ်းခံပြီးလျှင် ရဟန်းသံဃာနှင့်တကွ  ပြန်ကြွလာတော်မူလေ၏။ ဝိပဿနာရှုနည်းကျမ်း ပထမတွဲ ဆဋ္ဌသင်္ဂီတိပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား ရေးသားစီရင်တော်မူသည် သာသနာ ၂၅၄၁၊ ကောဇာ ၁၂၅၉၊ ခရစ် ၁၉၉၇ ခုနှစ်ထုတ် တနေ့သ၌ နဲ့ နှင့်တကွသတ်ပုံတွေကို တင်ပြပါတယ်။ မဟာစည်ဆရာတော်ထက် စာတော်သူတွေခေတ်မှာတော့ အဲလိုမရေးကြပါ။ ဒေါက်တာတင့်ဆွေ ၂၈-၅-၂၀၂၀

Cleaning အမှိုက် နှင့် အိမ်ဦးခန်းပိုစတာ

Image
Hi ကူးစက်ရောဂါအောက်မှာ ဥပေက္ခာရှေ့ထားမှ ဖြစ်မယ်ထင်တယ်ဆရာ တဲ့။ ဥပေက္ခာစကားလုံးက အဓိပ္ပါယ်လေးနက်တယ်။ လွယ်လွယ်လေးသာ ပြောပါရစေ။ ကျွန်တော်က ကိုယ့်နေရာလေးမှာ နေ့တိုင်း အမှိုက်ရှင်းတယ်။ အမှိုက်ဆိုတာ တယောက်နဲ့တယောက် မတူပါ။ အသုံးမကျတာ မမြင်ချင်တာကို အမှိုက်လို့ယူဆတယ်။ တချို့လူတွေအတွက်တော့ ဧည့်ခန်းနဲ့ အိမ်ဦးခန်းမှာထားတာမျိုး ဖြစ်ကောင်းဖြစ်ပါမယ်။ ကန်တော့။ ဆောရီး။ ကျွန်တော်က အကောင်ပုံတွေကို မနှစ်သက်ပါ။ အင်တာနက်လမ်းပေါ်က ကောက်ရတာတိုင်းကို မကြိုက်ပါ။ လိုချင်တာဆိုရင်တော့ ဂူဂယ်လ်ဆာ့ခ်ျမှာ မရ ရအောင် လိုက်ရှာတယ်။ ကြိုက်စကားလုံးနဲ့ ပါးစပ်ကြီး ဖြဲပြနေတဲ့ပုံ အစားမထိုးပါ။ လက်အုပ်ချီတဲ့ပုံကို တကယ်ဟုတ်တယ် မထင်ပါ။ ဆရာလို့ခေါ်ဆိုတဲ့အသုံးနဲ့ ဟိုင်း တန်ဖိုးတူ မထားနိုင်ပါ။ ကိုယ့်နေရာလေးမှာ အမြဲတမ်း အမှိုက်ရှင်းပါတယ်။ ဒေါက်တာတင့်ဆွေ ၂၈-၅-၂၀၂၀

လည်းကောင်း နဲ့ ၎င်း

Image
၁။ ဆရာ ၎င်းရဲ့ စာလုံးဟာ  ငသတ်ရှေ့က အက္ခရာကို ဘယ်လိုခေါ်ရပါသလဲခင်ဗျာ။ ၎င်း လည်းကောင်း ဆက်စပ်ရာ ပြပုဒ်တွေဟာ ဝါကျအထားအသို မတူကြဘူးဆရာ။ သတင်းစာတွေမှာတော့ ၎င်းကို ဝါကျအစမှာသုံးတယ်၊ လည်းကောင်းကိုတော့ ဝါကျနောက် ဆက်စပ်ရာနေရာမှာသုံးကြတာကို တွေ့ရပါတယ်ဆရာ။ ၂။ ဆရာတင်ထားတဲ့ အကြွေစိလေးမှာ တပြားကို ၁ါးလို့ ရေးထားတာ အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဂဏာန်း သင်္ချာနဲ့ အက္ခရာကို တွဲရေးထားတယ်။ နောက် ဥပမာတခုက လည်းကောင်းကို  ၎င်းလို့လည်းရေးတယ်နော်ဆရာ။ အဲလို အရေးအသားပေါ်မှာ ဘယ်လိုသဘောရပါသလဲ ခင်ဗျ။ ၃။ ၄င်း သည် ဘယ် စာလုံးကိုယူတာလည်းဆရာ ဗျည်း ၃၃လုံးထဲကဘယ်အလုံးလည်းဆရာ အရင်က ကသတ်ကိုလည်း သေးသေးတင်နဲ့ရေးတယ်။ ဥပမာ မြောက် ကို မြောံ။ ၎င်း ဆိုတာ ထို၊ ယင်း၊ အနှီ၊ ဤ၊ နည်းတူ ဖြစ်တယ်။ လည်းကောင်းအစားသုံးလို့ မရတာတွေရှိတယ်။ ၎င်းအရာ၊ ၎င်းကိစ္စ၊ ၎င်းမင်းသမီး၊ ၎င်းဇာတ်ကား စသည်။ ၄င်း မဟုတ်ပါ။ လည်းကောင်း၊ သော်လည်းကောင်း နဲ့ ၎င်း ကတော့ မတူပါ။ တချို့က အမှုမဲ့အမှတ်မဲ့ ရောရေးနေကြတယ်။ ဒါရိုက်တာအဖြစ်လည်းကောင်း၊ မင်းသားအဖြစ်လည်းကောင်း ပါဝင်သည်။ ကာရာသည် မော်ဒယ်အဖြစ်လည်းကောင်း ရုပ်ရှင်းသမီးအဖြစ်လည်းကောင်း နာမည်ကြီးသည်။ ဆေးအတတ်သည်လည်းကောင်း၊ သဒ္ဒါကျမ်းအတတ်သည်လည်းကော

Cervical intraepithelial neoplasia (CIN) သားအိမ်ဝ ရောဂါတမျိုး

Image
၁။ သမီးသူငယ်ချင်းက အသက် ၃၁နှစ်ပါ။အိမ်ထောင်မပြုရသေးပါဘူး။ ရာသီပုံမှန်မလာတာကစပြီးစစ်ကြည့်မိတော့ CIN 1 သားအိမ်ခေါင်းကင်ဆာအဆင့် ၁ လို့ ဆရာဝန်ကပြောလိုက်ပါတယ်။ ခုချိန်မှကာကွယ်ဆေးထိုလို့ရပါသေးလားဆရာ။ သာအိမ်တွေဘာတွေထုတ်တဲ့အထိဖြစ်ဖြစ်နိုင်ပါသလားဆရာ။ အဆင့်၁ ဆိုတော့ ဘယ်လို treatment တွေနဲ့ ကုသရမှာလဲ သိချင်လို့ပါဆရာ။ ၂။ ကျမအသက် ၄ဝ နှစ်ပါ။ သားသမီး၂ယောက်ရှိပါတယ်။ အသက် ၃ဝ မှာသားကြောဖြတ်ထားပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်က ဆေးစစ်တဲ့အနေနဲ့ Pap Test စစ်ကြည့်ပါတယ်။ အဖြေက CIN1 to CIN2 and actue Inflammatory cervical smear  ဖြစ်နေပါတယ်။ သားအိမ်ခေါင်းရောင်နေတယ်လို့လည်းပြောပါတယ်။ ဆရာဝန်က သားအိမ်ထုတ်ခိုင်းပါတယ်။ မထုတ်ရင် ၆ လကြာရင်ပြန်စစ်ခိုင်းပါတယ်။ ပြီးတော့ ပိုးသတ်ဆေး ၂ ကတ်သောက်ခိုင်းပါတယ်။ ၆လကြာတော့ သေချာရအောင် Pap Test/ Colposcopy ကိရိယာနဲ့ကြည့်ပြီး Biopsy အသားစယူပြီးစစ်ပါတယ်။ Pap Test = Inflammatory smear; Pap Biopsy = Chronic papillary cervicitis with CIN1 ဖြစ်ပါတယ်။ ဆရာဝန်မက ဆေးသောက်ဖို့မလိုဘူးပြောတယ်။ ကာကွယ်ဆေးထိုးခိုင်းပြီး ၆လ ကြာရင်ပြန်စစ်ခိုင်းပါတယ်။ သားအိမ်ခေါင်းကင်ဆာက ကြိုသိရင် ဆေးစားပြီး ပျောက်ေ