ခေါင်မိုးပေါ်တက်ဖူးခဲ့ခြင်း

တမြန်နှစ်က ဒီလိုနေ့မှာ မန္တလေးဆေးရုံကြီး အမြင့်ဆုံးအဆောက်အဦ ခေါင်မိုးပေါ်တက်ပါတယ်။ ညီတော်မောင်က လိုက်ပို့တာ။ သူကပဲ ဒီအဆောင်ကိုဆောက်တယ်။ အဲတာ သူ့ဝါသနာ။

လွန်ခဲ့တဲ့ ငါးနှစ်က ဒီလိုနေ့မှာ အဆီအငေါ်မတည့်လှတဲ့မေးခွန်းတွေနဲ့ နပမ်းလုံးနေရချိန် သူငယ်ချင်းတယောက်ဆီက ကွန်မင့်တခု ရတယ်။ သူငယ်ချင်း မင်း ရာနှုန်းပြည့်ဆာဂျင်ပဲကွ။ မင်းလုပ်ပေးလိုက်တဲ့ လူနာ ၁ဝဝ% အောင်မြင်တယ်တဲ့။ ဒီသူငယ်ချင်းဆရာဝန် ဝါသနာက တေးဂီတ။

ကျွန်တော်က ဝါသနာမဟုတ်ပေမဲ့ နိုင်ငံရေးထဲရောက်သွားတယ်။ ဆရာဝန်တွေလည်း တယောက်မှာ ဝါသနာရောဂါ တမျိုးစီ ရှိကြတယ်။

ခေါင်မိုးပေါ်ကနေကြည့်တော့ အကုန်လိုလိုမြင်ရတယ်။ တိုက်တာအမြင့်ကြီးတွေရှိပေမဲ့ တက်ကြည့်သူတွေကသာ အောက်ကို မြင်နိုင်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂၀၁၉
၂၂-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး