ဘာကိုမှ ရရစ်မထည့်တဲ့ခေတ် ရောက်လာနိုင်တယ်

၁။ ဟုတ်ကျေးဇူးပါဆရာ အခုလက်ရှိအဲဒီရောဂါဖြစ်တယ်လို့ပြောလို့ စိတ်ဝင်စားပီမေးတာပါဆရာ သမီး အခုပဲ ကြိုးစား ဖတ်နေပါတယ်ဆရာ ဆရာတင်သမျှ စိတ်ဝင်တစား အမြဲဝင်ဖတ်နေပါတယ်ဆရာ

ပီ မဟုတ်။ ပြီးလို့ ရေးရတယ်။

၂။ Hypospadias ဆီးပေါက်နေရာလွဲရောဂါ နှင့် ရရစ် ရှစ်ခုမပါ

၃။ ဆရာ ဆရာတင်ထားတဲ့မျက်စိနဲ့ပတ်သတ် (ပတ်သက်) တာလေးတွေလို့ပါ မျက်လုံးကအတွင်းတိမ်ခွဲထားတာ ခွဲပီးကြည့်မကောင်း ပိပိတင်းတင်းကြီးဖစ်နေ (ဖြစ်နေ) တာ ဆေးရုံသွားပြတော့မျက်လုံးခြောက်တာ အဲ့မျက်စဉ်း ခပ်ခိုင်းတယ် မထူးခြားဘူး Fb ကတွေ့တဲ့အဲ့မျက်စဉ်းနဲ့ ဘယ်လိုကွာလဲရှင့်

၎။ ဆရာ မျက်လုံးခြောက်တာက မျက်လုံးအတွင်းတိမ်ခွဲပီး (ခွဲပြီး) နောက်ပိုင်း ဖစ်လာ (ဖြစ်လာ) လို့ Cool eye မျက်စဉ်း ခတ်တယ် အဲဒါလဲခတ်တယ် မျက်လုံးက အတွင်းက ပိပိတင်းတင်း ကြီးလိုဖစ်ပီ (ဖြစ်ပြီး) ကြည့်ရတာ မသက်သာဘူး ၅ လလောက်ရှိပီ (ရှိပြီ) တစ်ခြား (တခြား) ဘယ်မျက်စဉ်းသုံးလို့ရပါသေးလဲရှင့် ဒါရောသုံးလို့ရပါသလားဆရာ

၅။ ဆရာ မင်္ဂလာပါဗျ ပီ နဲ့ ပြီ၊ ပီး နဲ့ ပြီး ကအဓိပ္ပာယ်မတူဘူးလားဗျ။ (နည်းနည်းလေးမှ မတူပါ) 

မေးခွန်း ၇၅% လောက်ထဲက ပ နဲ့ ဖ တွေမှာ ရစ်တွေမပါကြပါ။

ပီ
စကားပီပီ (စကားပြီပြီ)
ပီနံသီး
ပီပီပြင်ပြင်
ပီလာ = ဧကန်မုချ
ပီလားကောင်
ပီလာကြိုး
ပီသ
ပီလောပင်
ပီလောပီနံပင်
ပီအောင်ဆို
မိန်းမပီပီ
ရဟန်းပီပီ
ခွေးကလေးပါပီ
ယောက်ျားပီပီ

ပြီ
ချစ်မိနေပြီ
ချမ်းသာပြီ
စကားပြီ
စားပြီးပြီ
တန်ပြီ
မွဲပြီ
မှန်ပြီ
များလေပြီ
ပြန်လာပြီ
ပြီးပါပြီ
ပြီတီတီ
ပြီပြီသသ
လာပါပြီ
သွားလေပြီ
ဟုတ်လှပြီ
အချိန်သင့်ပြီ
အဆင်သင့်ဖြစ်ပြီ
ကောင်းပြီ
တော်ပြီ
သေပြီ

ပြီး
ပြီးကပစ်လုပ်သည်၊
ပြီးခိုင် = ပြည့်စုံသည်
ပြီးစလွယ်လုပ်သည်၊
ပြီးစီးသွားပြီ၊
ပြီးဆုံးသည်၊
ပြီးငြိမ်း
ပြီးပြည့်စုံ၊
ပြီးပြတ်
ပြီးမြောက်
ပြီးမြောက်အောင်လုပ်သည်။
ပြီးအောင်လုပ်
သို့တပြီးကား
အပြီးတိုင်အောင်
သီချင်းကို ပီပီသသသီဆိုလို့ ပြီးပါပြီ။

P ပီ https://doctortintswe.blogspot.com/2017/02/p.html
The End ပြီးပါပြီ https://doctortintswe.blogspot.com/2016/10/the-end.html
The End ပြီးလေပြီလား https://doctortintswe.blogspot.com/2014/12/the-end.html
ပါပီတို့ခေတ် https://doctortintswe.blogspot.com/2015/12/blog-post_21.html
ပီ နဲ့ ပြီ https://doctortintswe.blogspot.com/2019/01/blog-post_59.html
ပီ ပြီ ပြီး https://doctortintswe.blogspot.com/2018/01/blog-post_30.html
ယရစ်ရမှာ ပျင်းနေကြသလား https://doctortintswe.blogspot.com/2014/12/blog-post_20.html
ပြည် နှင့် ပြီ https://doctortintswe.blogspot.com/2018/09/blog-post_599.html
ပြီးပါပြီ https://doctortintswe.blogspot.com/2017/11/blog-post_80.html
ဖြစ် နဲ့ ပြီး https://doctortintswe.blogspot.com/2017/01/blog-post_42.html
မြန်မာစာမှာ ပီး မရှိပါ https://doctortintswe.blogspot.com/2019/01/blog-post_560.html
ခွေးကလေး ပါပီ ကြောင်ကလေး ပူစီ https://doctortintswe.blogspot.com/2018/10/blog-post_994.html
တေ နှင့် ပီး https://doctortintswe.blogspot.com/2018/09/blog-post_68.html

ဘာကိုမှ ရရစ်မထည့်တဲ့ခေတ် ရောက်လာနိုင်တယ်။ ပည်မို့။ မော်လမိုင်မို့။ မစ်ကြီးနားမို့။ မိတ်မို့။ မင်းခံမို့။ ပင်ဦးလွင်မို့။ မောင်းမမို့။ မောက်ဦးမို့။ ရေစကိုမို့။ မစ်သားမို့။ မင်းမူမို့။ မောင်မို့။ မန်မာနိုင်ငံ။ နေပည်တော်မို့တော်။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး