Collateral Damage နောက်ဆက်တွဲတွေက များတယ်

ကွန်မင့်တခုရတယ်။ တခြားကို တခြားလို့ပဲရေးပါတယ် ဆရာ။ တစ်ခြားလို့ မပြောင်းထားပါဘူး တဲ့။

တခြားကို မှားရေးထားတဲ့ အများကြီးထဲက နမူနာ ၂ ခုပို့လိုက်တယ်။ အမှားပုံတွေ မသုံးပါ။

မကြာခဏတင်ပြပါတယ်။ မြန်မာစာသတ်ပုံမှန်တွေကို ပလီပြီး၊ လျှာရှည်ပြီး တ မှန်သမျှနီးပါကို စသတ်ခိုင်းတာရဲ့ နောက်ဆက်တွဲတွေက များတယ်။ တ အကုန်တော့ မခိုင်းပါ။

ပိုရှင်းအောင် ဘိုလိုပြောပါရစေ။ အဲလိုဖြစ်တတ်တာကို ဆိုဒ်အဖက် မခေါ်ပါ။ ကိုလက်ထရယ်ဒင်းမေ့ခ်ျ လို့ခေါ်တယ်။

လူဆိုးခေါင်းဆောင်ကြီးကို အဝေးကနေ ပခုံထမ်းလောင်ချာနဲ့ သုတ်သင်တဲ့အခါ လူဆိုးကြီးအနားမှာရှိနေကြတဲ့ သူ့မိသားစုဝင်တွေပါ သေဆုံးတာမျိုးကို ခေါ်တယ်။ ရုပ်ရှင်တကားမက ရှိတယ်။

တတွေကို စသတ်ခိုင်းတော့ အတော်များများက တရေးပြီးတာနဲ့ စသတ်ရမယ်ထင်ကုန်ကြတယ်။ ဗိုလ်တထောင်ဘုရား အမည်တော် ပြောင်းပေးကြတယ်။ သည်ပုံအတိုင်းဆက်သွားရင် တစ်မာပင်နဲ့ တစ်ရားဓမ္မခေတ် ရောက်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၃-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး