အထအနကောက်ယူခြင်း

ကျွန်တော်၊ ကျွန်မ စသည့် စကားလုံးတွေ ဘယ်ကာလမှဆင်းသက်လာခဲ့ပါသလဲခင်ဗျ။ ပညတ်သွားရာ ဓာတ်သက်ပါနေသလိုဖြစ်နေသည်ဟုထင်မိပါသည် ထိုအသုံးအနှုန်း အစား ငါ ဟုသုံးစွဲသင့်ပါသလော။

ငါဆိုတာ သူ့နေရာနဲ့သူသာ သုံးနိုင်တယ်။ နေရတကာ ငါလို့ရေးရင် -
ရိုင်းစိုင်းတယ်လို့ ထင်ခံရမယ်။
မိဘဆရာအဆုံးအမနည်းသူလို့ မြင်ခံရနိုင်တယ်။
အတ္တလို့ ပြောခံရနိုင်တယ်။

ကျွန်တော် https://doctortintswe.blogspot.com/2015/05/i.html
ကျွန်မ နှင့် ကျမ https://doctortintswe.blogspot.com/2019/01/blog-post_96.html
ကျွန်တော် ကျွန်နော် ကျနော် https://doctortintswe.blogspot.com/2017/06/blog-post_76.html
ကျွန်တော် ဖြေပါရစေ https://doctortintswe.blogspot.com/2018/09/blog-post_773.html
ကျမ https://doctortintswe.blogspot.com/2018/11/blog-post_90.html
ကျမခေတ်မှ သမီးခေတ်သို့ https://doctortintswe.blogspot.com/2019/01/blog-post_96.html
တို့ နှင့် ဒို့ https://doctortintswe.blogspot.com/2017/08/blog-post_37.html
တို့ဗမာအစည်းအရုံး https://doctortintswe.blogspot.com/2016/07/blog-post_35.html

ပညတ်လို့ပြောလေ့ရှိတဲ့ စကားလုံး အထအနကောက်ယူတာမှာ မမှန်တာက များတယ်။ သင်လေချာလေခို့ ရယ်စရာသာပြောနိုင်တယ်။ ကိုယ့်လူမျိုးသင်္ချာပညာရှင်တွေ ရှေးကတည်းက တော်ကြတယ်။

မြန်မာဆိုတာ မြန်တယ်၊ မာတယ်လို့ ပြောကြတယ်။ မြမ္မာလို့ရေးစဉ်ကလည်း အခုထက်တော့ အပြေးမနှေးခဲ့ပါ။ အင်္ဂလိပ်လို ဘာမားရေးခဲ့စဉ်က ကျွန်းစွယ်အားကစားပွဲတွေမှာ ကျွန်တော်တို့နိုင်ငံထိပ်က။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ