သုံးဖြာဥတု ရတုခြောက်ပါး

ဥတုသုံးပါးကို ရှင်းပြပေးစေချင်ပါသည်။ တပေါင်းလပြည့်ကျော် တရက်ကနေ ဝါဆိုလပြည့်ကျော် တရက်က နွေလို့ ဖတ်ခဲ့ဘူးလို့ပါဆရာ။ ဝါဆိုလပြည့်ကျော်တရက်ကနေ တဆောင်မုန်းလပြည့်ကျော် တရက်ထိ မိုးဥတု၊ နတ်တော် ပြာသိုလ် တပိုတွဲ တပေါင်းလပြည့်ကျော် တရက်ထိ ဆောင်းလို့ ရေးတာတွေ မှားလား ရှင်းပြပေးပါဦးဆရာ၊ ကျေးဇူးတင်ပါတယ်။

ဦးသော်ဇင်ရေးတဲ့ ရာသီသဘင်စာအုပ်ထဲမှာ သုံးဖြာဥတု ရတုခြောက်ပါးလို့ပါတယ်။
၁။ ဂိမှာန ခေါ် နွေဥတု = တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန်။
၂။ ဝဿန ခေါ် မိုးဥတု = ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်။
၃။ ဟေမန္တ ခေါ် ဆောင်းဥတု = တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ။

ရာသီ ခေါ် နွေမိုးဆောင်းဆိုတာ နေရာဒေသအလိုက် မတူပါ။ မြန်မာပြည်ထဲမှာ နေရာအလိုက်မတူပါ။ ရှေးစာဆိုတွေစာ မြန်မာပြည်အလယ်ပိုင်းနဲ့ အညာဒေသမှာ အခြေပြုခဲ့ကြတာများတယ်။ ပုဂံ၊ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ အမရပူရ၊ ရတနာပုံ မင်းနေပြည်တွေမှာ ဘုရင်တွေစိုးစံခဲ့ချိန်က များတယ်။ အဲတာကြောင့် ရှေးစာတွေဟာ အများအားဖြင့် အပူပိုင်းဒေသတွေကို အခြေပြုစပ်ဆိုခဲ့ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး