တလုပ်ကယ်ဝဝ စားလိုက်ရလျှင်ဖြင့်

သြော် လူ့ဘုံခန်းဝါ၊ လူ့ပြည်ရွာမှာ၊ ဝမ်းစာခဲခက်၊ မုရင်းထမင်း၊ ချဉ်ပေါင်ဟင်းနှင့်၊ ဆန်တွင်းက နက်လွန်းလို့၊ အသက်ရှိစဉ်၊ မသေခင်ကို၊ ကောက်လျင်ကြီးဆန်၊ နီတာလံနှင့်၊ ငါးသန်သေးနုပ်၊ ရေလုံပြုပ်များကို၊ တလုပ်ကယ်ဝဝ၊ စားလိုက်ရလျှင်ဖြင့်၊ အာကပါးစပ်၊ လူဖြစ်ရကျိုးနပ်လေငဲ့၊ မရပ်မနား၊ ရေကိုရောင်းလို့၊ ဝမ်းကျောင်းပါငြားကတဲ၊ စားရသည့်နေ့၊ တလလုံးတွင်မှ၊ သုံးနပ်လောက်ကယ်သာ တွေ့ရတယ်။   ။ ငွေ့နှယ်ကြေးနှယ်၊ ဘဟာ့နှယ်များကို၊ ကွယ်လေငဲ့၊ ပိတ်ပိတ်ပျောက်၊ အမွဲတကာ့ထွတ်ခေါင်၊ ဖွတ်မင်းနောင်မှာ၊ ပြာတောင်ကြီး ပေါက်ကရော့၊ ပြောင်မြောက်အောင် မွဲနိုင်တဲ့၊ ငါကိုယ်နော်။

ဦးပုညရေးသားတဲ့ ဂင်္ဂါမာလ ခေါ် ရေသည်ပြဇာတ်၊ ၁၉၅၉ ခုနှစ်မှာထုတ်တယ်။ ကျွန်တော်တို့ အထက်တန်းမှာ သင်ခဲ့ရ ဖတ်ခဲ့ရတယ်။ တလုပ်ကယ်ဝဝကို တလုပ်ကယ်ဝဝလို့သာ ရေးရတယ်။ တလလုံးတွင်မှကို တလလုံးတွင်မှလို့သာ ရေးရတယ်။

မြန်မာပြည် ဓါတ်ငွေ့သည်ဘဝရောက်တော့ သတ်ပုံတွေ ပြောင်းကုန်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး