ကွိ

ဂျာနယ်ကျော်မမလေး၏ အမှာ

ဟောဒီမှာ ကွိ ဘာသာပြန်ခင်ဗျ

ကျမအလုပ်ခန်းထဲသို့ စာရေးဆရာမြသန်းတင့်သည် ကွိ ဘာသာပြန်စာမူကြီးကို ပိုက်ဝင်လာကာ ကျမစာပွဲပေါ်၌ ပုံချရင်း ပြောလိုက်သည်။ ကျမမှာ စာမူထပ်ကြီးကိုကြည့်လိုက်၊ မြသန်းတင့်၏ မျက်နှာကို မော့ကြည့်လိုက်ဖြင့် တဒင်္ဂ အသက်ရှူမှားလောက်အောင် ကြက်သေ သေနေသည်။

ကိုဝင်းတင် ဘာသာပြန်ထားတယ်။ ဒေါ်မမလေး အမှာရေးပေးဖို့ ကျွန်တော့်ကို ပေးခိုင်းလိုက်တယ်။

ကျမ ကြာရှည် ကြက်သေသေမနေစေရန် သူကဆက်ပြောပြသည်။ ကိုဝင်းတင်ဟု သူပြောလိုက်မှပင် ကြက်သေ သေနေသော အရှိန်တို့သည် တစတစ ပြေ၍ သွားသည်။

ဦးဝင်းတင်ရဲ့ ကွိ ဘာသာပြန်စာအုပ်ကို ၁၉၇၅ ခု မတ်လမှာ ပထမအကြိမ်ထုတ်ပါတယ်။

ဂျာနယ်ကျော်မမလေး၊ ဦးဝင်းတင်နဲ့ မြသန်းတင့်တို့အားလုံးက သတ်ပုံမှန်နဲ့သာ ရေးခဲ့ကြတယ်။ ခုခေတ် စာရေးဆရာတွေ ကဗျာဆရာတွေက တစ်ဒင်္ဂလို့ ရေးကြတယ်။ တစ်စတစ်စလို့ ရေးကြတယ်။

ဂျာနယ်ကျော်မမလေးအရွယ်ရှိ ခုခေတ်အမျိုးသမီးတွေက သမီးအလုပ်ခန်းထဲသို့လို့ ရေးကြမယ်။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး