သိပ္ပံမောင်ဝသည် သိပ္ပံဦးဝ မဟုတ်

ကွန်မင့်မှာ ကဗျာတပုဒ်လာတင်တယ်။ အရင်ကလည်း မကြာခဏတင်ပြထားတယ်။ ခဏနေရင် လာတင်တာကို ဖျက်ပါမယ်။ ဆောရီး။

အနုပညာအမည် ကလောင်အမည်တွေမှာ မောင် ကို ဦး ဒေါ် ဒေါက်တာ အမေ ဘဘ မပါပဲ မထည့်ရ။ တင်မိုးမှာ ဦး မထည့်ရ။ တင်မိုး ဦးတင်မိုး မဟုတ်ရပါ။

လူချင်းတွေ့တဲအခါ လေးစားသမှုနဲ့ သင့်တော်တာ ခေါ်ရတယ်။

မောင်ထင်၊ မောင်သင်၊ မောင်စွမ်းရည် အသက် ဘယ်လောက်ရရ ဦးမထည့်ရ။ မာမာအေး၊ ချိုပြုံး၊ မေဆွိ၊ ဒေါ်မထည့်ရ။ မစန္ဒာ ဘယ်သောအခါမှ ဒေါ်ဖြစ်စရာမလို။

သတ်ပုံကိုနိုင်ငံရေးလုပ်ထားတော့ လေသူရဲတဦးကို စသတ်ပြီး စာအုပ်ပြန်ထုတ်တယ်။ မလုပ်ကောင်းပါ။

သိပ္ပံမောင်ဝသည် သိပ္ပံဦးဝ မဟုတ်။

Pen Name ကလောင်နာမည် https://doctortintswe.blogspot.com/2019/01/pen-name.html

ဒေါက်တာတင့်ဆွေ
၂၃-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး