ညား နှင့် ငြား

သက်သာလို သက်သာညား၊ သက်သာလို သက်သာငြား၊ ဘယ်စာကြောင်းက အမှန်လည်းဗျ။

ငြား
သို့သော်ငြားလည်း
ဖြစ်လိုဖြစ်ငြား
ရလိုရငြား
မွှေးပင်မွှေးငြား ပန်းစကား (မင်းသိင်္ခ)
ဓမ္မတရား ရှိပါငြား တိမ်းပါးငဲ့ကွက် လက်ဆောင်ဖျက်
ဓမ္မစကားဟောခဲ့ငြား နည်းပါးသည်ဟု မမှတ်ရာ
အီတလီကိုရောက်ခဲ့သော်ငြား ရောမကိုမရောက်ခဲ့

ညား
လင်မယားညားသည်
ဗညား
ဘုရင်နဲ့ညားတော့ မိဖုယား (မောင်သာရ)
လင်မယားညားခြင်းသာမဟုတ်၊ ကြိုကြိုက်တာမျိုးကိုလည်း ညားတယ်လို့ သုံးကြတယ်။ လိုချင်တာမရှိလို့ ဆိုင်မှာရှိတဲ့ ပစ္စည်းသာ ဝယ်ခဲ့ရတာမျိုး။
ရည်းစား သူများနဲ့ငြားလို့ရေးတာ မှားတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂၀၂၀

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်