တို့ဗမာသီချင်း







ကျောင်းသုံးစာအုပ် မြန်မာစာပေသမိုင်း အခြေခံပညာအထက်တန်းကို တွေ့ပါတယ်။ အလွန်စိတ်မကောင်းစရာ။

ကမ္ဘာမကြေ မြန်မာတွေ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ၊ တို့မြန်မာ တို့မြန်မာပြေကို တိုင်းရင်းသားအကုန်အစင် တို့ပြေလို့ မှတ်ထင် တို့ဝတ္တရားပင် တို့မြန်မာသခင်

မူရင်း သီချင်းစာသားက -
ကမ္ဘာမကြေ ဗမာတွေ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြည်၊ တို့ဗမာ တို့ဗမာပြေကို တိုင်းရင်းသားအကုန်အစင် တို့ပြေလို့ မှတ်ထင်၊ တို့ဝတ္တရားပင် တို့ဗမာသခင်။

တို့ဗမာသီချင်း အစစ်အမှန်
တကောင်းအဘိရာဇာ၊ တို့ဗမာ သာကီမျိုးဟာမို့ မညှိုး ဂုဏ်တေဇာ ၊ ယိုးဒယားနှင့် ကုလားကိုပါ၊ တိုက်ခိုက်ခဲ့ကာ အောင်ခဲ့တာ တို့ဗမာ၊ စိန်မှန်ကင်းအစစ်၊ အဖြစ်ကြီးဖြစ်လျက်၊ ထင်းတလှည့် ကြုံရ၊ ထုံးနှင့်မသွေ၊ လောကဓမ္မတာပေ၊ ငါတို့ ကံခေ ဖြစ်ရပြန်သလေ၊ သို့သော် အရင်းကိုစစ်လျှင် ဗမာပြည် ငါတို့ ငါတို့ပြေ။
နောင်ဥဒါန်း ဘယ်မကြေစရာ၊ ရာဇဝင်တင်ထား မျိုးရိုးနွယ်လာ၊ ကမ္ဘာတခွင်မှာဖြင့် ဗမာအထင်အရှား တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား တို့ဗမာ၊ တို့ဗမာ မဟုတ်လေသလား (တို့ဗမာ ငါတို့ဗမာ)၂ (ဒါ ငါတို့ဗမာ)၂ အားလုံး ညီညီ ယောက်ျားဘသား တို့ဗမာ နောင်လာနောက်သား ကောင်းစားဖို့ရာ တို့ကိုယ်ကျိုး လုံးလုံးမပါ၊ ရဲရဲဗမာပီပီ ဗမာပြေ တို့ဗမာဖို့ပါ၊
သခင်ကျင့်ကို ကျင့်ကြပါ၊ သခင်မျိုးဟေ့ တို့ဗမာ၊ မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ စာမရီသွေး တို့ဗမာ။
(သံပြိုင်) ကမ္ဘာမကြေ ဗမာတွေ (ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ) ၃
(တို့ဗမာ)၂ ပြေကို တိုင်းရင်းသား အကုန်အစင်၊ တို့ပြေလို့ မှတ်ထင်၊ တို့ဝတ္တရားပင် တို့ဗမာသခင်။
အမျိုးသားရေး ကြိုးပမ်းကြပါ တို့ဗမာ ဟေ့ တို့ဗမာ၊ ဪ အမျိုးသားရေး ကြိုးပမ်းကြပါ၊ တို့ဗမာ ဟေ့ တို့ဗမာ၊ အရှေ့ကနေဝန်း ထွက်သည့်ပမာပ၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ၊ တို့ဗမာ ဟေ့တို့ဗမာ၊ ဗမာပြည်တဝှမ်း အကုန်၊ တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါ တို့ဗမာ။

တို့ဗမာသီချင်းကို ရေးစပ်ခဲ့သူက ဝိုင်အမ်ဘီဆရာတင် ဖြစ်ပါတယ်။ မူရင်းစာသားကို ကူးတင်တာ၊ ထုတ်ဝေတာနဲ့ ကျောင်းသုံးစာအုပ်ထဲမှာ သတ်ပုံနဲ့ စာသား မှားနေတာတွေ တွေ့ရတယ်။ မလုပ်ကောင်းပါ။ ကျောင်းသူကျောင်းသာတွေကို အမှားတွေ သင်မပေးအပ်ပါ။ အမှားသာသိသူတွေက အမှားလက်ဆင့် မကမ်းသင့်ပါ။ ပြင်ကြပါ။

https://www.scribd.com/doc/47076810/Doh-Bamar-song-and-explanation

ဒေါက်တာတင့်ဆွေ
၂၇-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး