ငါးလေးတကောင်

တ နှင့် တစ် က ဆရာ့ကို စိတ်ပင်ပန်းစေတယ်လို့ ထင်လို့ပါ။ မြန်မာစာ မြန်မာစကားဆိုပြီး မြန်မာစာအဖွဲ့က တရားဝင် ပြင်ဆင်သင်ကြားခဲ့တဲ့အတွက် လူတိုင်းနီးပါး ရေးသားနေကြတဲ့အခြေအနေပါ။ မြန်မာစာသတ်ပုံ အနေအထားကတော့ စာဖတ်မနာတဲ့မည်သည့်ကျောင်းသားကျောင်းသူမဆို တန်းကုန်အောင်တက်ထားသည်ဖြစ်စေ မှားကြပါတယ်။ ဆရာ့ရဲ့ ပူပင်မှုတွေကို နားလည်ပါတယ်။ သို့သော်လည်း မြန်မာတွေ မြန်မာမဆန်ကြတော့ပါ။

ဒီလောက်ရေးတာ တော်သေးတယ်။ တချို့က သတ်ပုံစာ ရန်ရှာကြတယ်။

ဖြစ်စဉ်သဘောတွေက ဒီလိုပါပဲ။ ဖြစ်ပါစေတော့လို့သဘောထားတိုင်း ဖြစ်တာမဟုတ်ပါ။

လူတသိန်းမှာ တနှစ်နေတော့ တယောက်က အမှန်ရေးလာရင်လည်း အမြတ်ထွက်ပါတယ်။

ကျွန်တော့်အတွက်တော့ ဒီမိုကရေစီကို ၂၅ နှစ်ကြာ အော်ခဲ့တဲ့သူဖြစ်လို့ ထူးပြီး ပင်ပန်းတယ်လို့ မရှိပါ။

တယောက်မှ အမှန်လိုက်မရေးလည်း အရှုံးမရှိပါ။

ငါးလေးတကောင် ရေလယ်ခေါင်၊ ရေဆန်ကူးလို့ ချွေးမထွက်ပေါင်။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး