အဲလို ဟုတ်ပါရဲ့လား

ကွန်မင့်တခုရတယ်။ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)က အတန်းထဲမှာ စာသင်ရင်းပြောပြတာက အခုနောက်ပိုင်း တတ် နဲ့ တက် မကွဲပဲဖြစ်လာရတဲ့အကြောင်းက အပြောကြောင့်လို့ ပြောပြပါတယ်။ စာသင်တတ်တယ်။ ပြောတတ်တယ် ဆိုတဲ့ နေရာလိုမျိုးတွေမှာ တက်တွေ ရေးလာကြတာ စာအရေးအသားမှားတာ အပြောကစတယ်လို့ဆိုပါတယ်။ ကိုယ်တွေ့ ကိုမျှဝေခြင်းပါ။

အဲလိုဟုတ်ပါရဲ့လား။
၁။ စကားမပီသလို့ဖြစ်တယ်။ ပီအောင် မှန်အောင် မပြောတတ်လို့၊
၂။ သတ်ပုံဂရုမစိုက်လို့၊
၃။ သတ်ပုံဆရာကြီးတွေကလည်း တကို တစ်လုပ်ရေးသာ အာရုံထားကြလို့၊
၎။ စကားပြောသလိုစာရေးနည်း တွင်ကျယ်လာတယ်။ အဲလိုဖြစ်သင့်တယ်။ ပြောတဲ့စကားက မပီမသ လွဲနေရင် သူရေးတဲ့စာလည်း မမှန်တော့။ အဲတာအတွက် စကားပြောသလိုစာရေးနည်းကို အပြစ်တင်တာ မှားတယ်။ စကားမတတ်တာကသာ အပြစ်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂၀၁၉
၂၄-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ