သီရိဂေဟာ

ဆရာ့ဘဝ ကြည့်ရတာ သာယာ ကြည်နူးစရာ ကောင်းလှပါတယ်။ မေတ္တာစံအိမ်ထဲက မိသားစုလေးလို့ မြင်မိပါတယ်

လူတိုင်းလည်း အဲလိုပါပဲ။ ငှက်ကလေးတကောင်ဟာ သူ့အဖြစ်အပျက်တိုင်းကို ဆယ်လ်ဖီး မရိုက်ပါ။ အသိုက် ဖျက်ခံရဖူးတယ်။ လောက်စာလုံးစာ မိခံရဖူးတယ်။ အစာရှာမရ၊ မိုးခိုစရာမရှိတဲ့အခါတွေလည်း ကြုံခဲ့ရတယ်။

အဲတာလည်း လူတိုင်းလိုလိုမဟုတ်တောင် လူအများစုမှာ ကြုံကြရတယ်။

ကျွန်တော်တို့ငယ်ငယ်က မြန်မာ့အသံကနေ သီရိဂေဟာအစီအစဉ်လွှင့်တယ်။ နားထောင်ရတာ ကျေနပ်ကြည်နူး အားကျစရာကောင်းပါတယ်။ အစီအစဉ်တင်ဆက်သူတွေက နားထောင်သူတွေ ကျေနပ်ကြည်နူး အားကျစရာ ကောင်းစေမှာကိုသာ တင်ဆက်ကြပါတယ်။

တပါးသူတွေကို ပျော်ရွှင်ကြည်နူးစေအောင် ရေးတာ ပြောတာ ပြသတာ ကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၅-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး