မ ကိုဘယ်နေရာထားမလဲ

မ ကိုဘယ်နေရာထားမလဲ (၂)

ကွန်မင့်တခု အစားမထိုးရသေး။ အစားထိုးမရသေး။

အဲဒီအဓိပ္ပါယ်နှစ်ခုက မတူပါ။ မ ကိုဘယ်နေရာထားမလဲ မနေ့က တခါရေးတင်ထားတယ်။

အစားမထိုးရသေးဆိုတာ မလုပ်ရသေးတာ။ မလုပ်အားသေးတာ။ လုပ်ဖို့ မေ့နေတာ။
အစားထိုးမရသေးဆိုတာ အစားထိုးဖို့ နည်းပညာ စတဲ့ အကြောင်းတခုခုကြောင့် အစားထိုးလို့မရနိုင်သေးတာ။

ထမင်းမစားရသေးဆိုတာ ထမင်းမကျက်သေးလို့၊ ထမင်းမရှိလို့၊ စားချိန်မရှိလို့ မစားရသေးတာ။
တမင်းစားမရသေးဆိုတာ သွား၊ သွားဖုံး၊ ဗိုက်စတဲ့ ကျန်းမာရေးကြောင့် မစားရတာ။

မ ကို ဘယ်နေရာ ထားမလဲ (၁)

နှာခေါင်စည်း တပ်မထားလျှင် နှင့် နှာခေါင်စည်း မတပ်ထားလျှင်

ကွန်မင့်တခုက သဒ္ဒါအရလည်းမှန်ပါသည် တဲ့။ မှန်တယ်လို့ မထင်ကြောင်း စာထဲမှာပါတယ်။

ထင်ရှားတဲ့ ဥပမာနည်းနည်းထပ် ပေးပါမယ်။
၁။ ထမင်းစားမသွား
၂။ ထမင်းမစားသွား

၁။ ဦးထုပ်ဆောင်းမထား
၂။ ဦးထုပ်မဆောင်းထား

၁။ ယူမသွားရ
၂။ မယူသွားရ

၁။ သီလယူမထား
၂။ သီလမယူထား

၁။ တရားကို မနာရသောကြောင့်
၂။ တရားကို နာမရသောကြောင့်

ကျွန်တော်တော့ (၁) အတိုင်းသာ ပြောဆိုရေးသားလာခဲ့ပါတယ်။ ဆရာဆရာမတွေက အဲလိုသင်ပေးကြတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး