ပဋိသန္ဓာရ သာရဏီယ စကား

သိဝိရာဇ်မင်းကြီး အသို့နည်း၊ မင်းကြီးအား အနာဆင်းရဲ ကင်းပါ၏လော၊ သစ်သီး သစ်မြစ် မျှလောက်ပါ၏လော၊ သစ်သီး သစ်မြစ်တို့ကို ရလွယ်ပါ၏လော၊ မှက် ခြင်း ကင်း သန်း နည်းပါ၏လော၊ သားရဲတို့ဖြင့်ပြွမ်းသော ဤတောအရပ်၌ ဘေးအန္တရာယ်မရှိ ငြိမ်းချမ်းပါ၏လော။

ဝေဿန္တရာမင်းကြီးထံမှ မိဖုရားကြီးမဒ္ဒီဒေဝီကို အလှူခံရန်အလို့ငှာ သိကြားမင်းက ပုဏ္ဏားအသွင်နဲ့ လာရောက်စဉ်မှာ စတင်ပြောဆိုတဲ့ ပဋိသန္ဓာရ သာရဏီယစကား ဖြစ်ပါတယ်။ သာရဏီယဆိုတာ မပြတ်အောက်မေ့အပ်သောစကား။

ခုခေတ်တော့ ဇူဇကာပုဏ္ဏားကလည်း ဟိုင်း၊ သိကြားမင်ကလည်း ဟိုင်းတဲ့။

ပါဠိ မသိချင်နေပါ။ တဦးနဲ့တဦး အပြန်အလှန် လေးစားသမှုစကားမျိုး ပြောဆိုအပ်တာကိုတော့ သိကြစေချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂၀၂၀

Comments