အေးနေကြသလား

ရေဒီိယိုတခုက ဗျူးတယ်။ ရွေးကောက်ပွဲက ၅ လလောက်လိုတော့တာ ခပ်အေးအေးဖြစ်နေတာ ဘာကြောင့်လို့ ထင်ပါသလဲတဲ့။ အမေရိကန်အီလက်ရှင်ကို မေးတာမဟုတ်။

ကပ်ရောဂါကြောင့်က နည်းနည်းပါတယ်။ ကျွန်တော်တို့လူမျိုးက ကောက်ရိုးမီးဆန်တယ်။ သေချာနေတာအတွက် မပူပန်ကြာတာလည်း ဖြစ်နိုင်တယ်။

ဘာတွေ သေချာနေတာလဲ။

နိုင်မဲ့ပါတီက နိုင်မှာပဲ။ လက်ရှိလူတွေကို အားမရတိုင်း တခြားလိုက်ရှာနေကြတာကတော့ နေ့တိုင်း။ တခြား ဆိုတာတွေကလည်း ထူးမခြားနားတွေ။ စားခဲ့ဝါးခဲ့ကြသူတွေက  စိတ်ကောင်းဝင်ပြီလို့ ထင်မှတ်သူ မရှိ။

တိုင်းရင်သားနေရာတွေမှာ အင်နယ်လ်ဒီအလားအလာ။

၁၉၉၀ ကတည်းက တိုင်းရင်းသားနေရာတွေမှာ တိုင်းရင်းသားပါတီတွေက အနိုင်ရတာများခဲ့။ အခုလည်း သိပ်ထူးစရာမမြင်။

ငြိမ်းချမ်းရေးအလားအလာ။

အစိုးရအပေါ်မူမတည်။ လက်နက်ကိုင်ထားသူတွေအပေါ်သာ မူတည်တယ်။ မက်နေခဲ့တာကြာပြီး ဖြစ်စေချင်ကြတဲ့ အိပ်မက်ကောင်း။ ဆက်မက်ကြတာပေါ့။

ဖွဲ့စည်းပုံပြင်ဆင်ရေးအလားအလာ ပိုကောင်းနိုင်မလား။

ခက်ဦးမယ်။ ကန့်လန့်တိုက်နေသူတွေက အတည့်မလျှောက်သေးသ၍ ခက်မယ်။ တခုတော့ စဉ်းစားမိတယ်။ လက်ရှိ ဗခမက ခြေလှမ်းပြင်နေပြီ။ ဘယ်ဆီလည်း ပြောမရသေး။ တခုတခုတော့ တခုခုပဲ။ ခက်တာက သူ့မှာ ထူးချွန် အားကောင်းတဲ့ ပုဂ္ဂိုလ်ရေးစွမ်းရည် အခုထိ မမြင်။

ဗခမက သမတဖြစ်လာနိုင်သလား။

မထင်။

ခိုင်မာပြည့်ဝမှုရှိတဲ့ အတိုက်အခံ ရှိသင့်ပါသလား။ ရှိလာမလား။

မရှိသေး။ မထင်ပါ။ ရှိစေချင်တယ်။ အခုကစပြီး မက်သင့်ကြတဲ့ အိပ်မက်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ