မင်းကောင်းပေလျက် မင်းမြှောင်ဖျက်

လျက် နှင့် လျှက် ကို ဘယ်နေရာတွေမှာသုံးရလဲ သိချင်ပါတယ်ရှင့်ဆရာ။ ဆောင်ရွက်လျက်ရှိပါသည်ဆိုတဲ့ ဝါကျမှာ လွန်ခဲ့သော ၂၅နှစ်က ဆောင်ရွက်လျှက်ရှိပါသည်လို့ ရေးတယ်လို့ အဒေါ်ကပြောပါတယ်။ အဲ့ဒါ ဟုတ်ပါသလားရှင့် ဆရာ။

ကဝိဓဇသတ်ပုံကျမ်းကို ၁၉၅၄ ခုနှစ်မှာထုတ်တယ်။ ၆၆ နှစ်ရှိပြီ။ မင်းကောင်းပေလျက် မင်းမြောင်ဖျက်လို့ ရေးပါတယ်။

မင်းကောင်းပါလျက် မင်းမြှောင်ဖျက်သည်လို့ တောင်ဖီလာဆရာတော်က ဖျက်စုများမှာရေးတယ်။ အဲတာကို ကူးရိုက်တင်သူက လျှက်လို့ မှားရေးထားတာတွေ့တယ်။ မှားတင်ထားတာက မနည်းလှပါ။

လျက်
ထန်းလျက်။
ပွဲလျက် (ပွဲညှက်သံထွက်သည်)။
ကြံစည်လျက်။
မင်းကောင်းပေလျက် မင်းမြောင်ဖျက်။
ပြည်ပန်းညို ချိုချင်ပါလျက် ဆားကဖျက်။
လျှာနှင့်လျက်သည်။
လျက်ဆား။
သွားလာလျက်။
ပြောဆိုလျက်။

လျှက်
မုံ့တလျှက် = မုံ့ပြား (တယှက်သံထွက်သည်)။
သန်လျှက်ဓါး
ရောင်ဖြူ ပြိုးပြက် ဓါးသန်လျှက်သည် ထိလျက် ရှတိုင်း မှန်သည်သာ။

သန်လျှက်
သတ်ပုံစာအုပ်ဟောင်းမှာ သန်လျှက်လို့ရေးတယ်။ နောက်ထုတ်တွေမှာ သန်လျက်လို့ရေးတယ်။ မြန်မာ့စွယ်စုံကျမ်းမှာ သန်လျက်လို့ရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ