ပဋိသန္ဓာရစကား

လေးငါးရက်တခါလောက် မန္တလေးက ဖုန်းဆက်တယ်။ ထွေထွေထူးထူး မဟုတ်ပါ။ နေကောင်းကြလား။ တကယ်တော့ အခုလိုကူးစက်ရောဂါဖြစ်နေတဲ့ရက်တွေမှာ နေကောင်းကြလားဆိုတာ မေးတဲ့သူရော ဖြေတဲ့သူအတွက်ပါ ထွေထွေထူးထူး အစစ်အမှန်စကား ဖြစ်တယ်။

ကျွန်တော်တို့ငယ်စဉ်က ဗလာစာရွက်ပေါ်မှာ ဖေါင်တိန်နဲ့ စာရေးကြရတယ်။ အမျိုးတွေ သူငယ်ချင်းတွေဆီ စာရေးတိုင်း နေကောင်းပါသလားနဲ့စပြီး ကျန်းမာကြပါစေလို့ အဆုံးသတ်ကြရတယ်။ ပဏာမနှုတ်ခွန်းဆက်စကား၊ ပဋိသန္ဓာရစကား ခေါ်တယ်။ မိုးလေဝသဦးထွန်းလွင်က ကျန်းမာတော်မူပါစလို့ ပြောလေ့ရှိတယ်။

ခုခေတ်မှာ နေကောင်းပါသလားအစား ဟိုင်းတဲ့။ ကျန်းမာတော်မူပါစအစား လက်ဝါးခါပြကြတယ်။

တမြို့ဆီခြားပေမယ့် ငယ်ကချစ်သူ သူ့ကိုသာလေ ကျန်းမာတော်မူပါစ လေလှိုင်းထဲက ခွန်းဆင့်ပါရဲ့အဆွေ ချစ်သူမောင်ရေ ချစ်သူမောင်ရေ ငယ်စဉ်အခါတုန်းကလေ (ပန်းပိတောက်တွေကြွေရာမြေ)

ကွန်မင့်ကနေ တမြို့စီလို့ရေးရမှာကို ထောက်ပြသူ ၂ ဦးရှိတယ်။ ကျေးဇူး။ ကိုယ်စီကိုယ်ငှ၊ တမြို့စီနေ တနယ်စီခြား။

ဖေ့စ်ဘွတ်မှာတော့ ဘယ်လိုလူက ဘာဖြစ်နေနေ ဟိုင်းနဲ့ လက်ဝါး။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး