အေရှန်လီလီ

ပွင့်ကြတော့မည်။ အာရှပန်းမျိုးကို ပြောတာ။

မြန်မာပြည် တချို့နေရာတွေမှာ မိုးရွာသတဲ့။ မိုးရာသီမရှိတဲ့အရပ်မှာ မိုးကပြတ်တယ်မရှိ။ မနေ့က ကလေးတွေပြန်ကြတာ အိမ်ပေါက်ဝကနေ ကားတံခါးအထိ တယောက်က ထီးမိုးလိုက်ပို့ပေးရတယ်။

အမည်နာမဆိုတာ တခါတခါ မလိုက်ဘက်ပါ။ အမည်တွေကို နိုင်ငံရေးလုပ်နေတာကြာပြီ။ ကျောင်းစာအုပ်မှာ ဂန္ထဝင် တို့ဗမာသီချင်းကို တို့မြန်မာလုပ်လိုက်သတဲ့။ မြန်မာစာ မိုးခေါင်ပါလေရော။

အမျိုးစစ်မှန်ရင် ဘယ်မှာရောက်ရောက် လှလှပပပွင့်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး