သတ်ပုံအကိုးအကား

အဲ့ဒီကဝိဓဇသတ်ပုံကျမ်းမှာ တဝမ်းပူကို စသတ်နဲ့ တစ်မထားတဲ့ တနေ့ တလ တရက် တနှစ် တကြိမ် တခါ တခု တကောင် တယောက် ဆိုတဲ့သတ်ပုံအမှန် အထောက်အထားတွေရှိရင် လိုချင်ပါတယ်ဆရာ။ အငြင်းအခုန်သမားတွေကို ပြချင်လို့ပါ။

ကျွန်တော်က လက်လှမ်းမီတာတွေကိုသာ ကိုးကားနိုင်ပါတယ်။
၁။ ကဝိဓဇသတ်ပုံကျမ်း
၂။ ဝဏ္ဏဗောဓနသတ်အင်း
၃။ ဦးသာမြတ် မြန်မာစာရေးထုံးကျမ်း
၎။ ဆဋ္ဌသင်္ဂါယနာတင် ပါဠိ-မြန်မာသာပြန် တစုံ
၅။ မြန်မာ့စွယ်စုံကျမ်း ၁၅ အုပ်
၆။ ဟံသာဝတီတိုက်ထုတ်စာအုပ်တွေနဲ့
၇။ စစ်အစိုးရမတက်ခင် သတ်ပုံမှန်ခေတ်က စာအုပ်တွေလည်း တော်တော်များများရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂၀၂၀

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်