Welcome Spring ဟိုဘက်အိမ်

အရင်တပတ်က အဖိုးကြီး အဲလိုနှုတ်ဆက်တယ်။ အဖွားကြီးက လက်ပြနှုတ်ဆက်တယ်။ သူတို့ရေကူးကန်ကို ပြင်ဆင်နေကြတာ။ ဒီကြားထဲ နည်းနည်းအေးလို့ ရေကူးတာ တရက်သာလှမ်းမြင်လိုက်တယ်။ ကနေ့တော့ သီချင်းသံတွေ ကြားနေရတယ်။ ခေတ်ပေါ်သီချင်းတွေ။ သူတို့က အသက် ၉၀ တန်းတွေ။

အဲလိုအသက်အရွယ်ကြီးသူတွေမှာ ပြောစရာစကားတွေ အများကြီးရှိမှာ။ နားထောင်ချင်မိတယ်။ ဘာမလုပ်အပ်၊ ဘာမပြောအပ်။

အသက်မကြီးသူတွေကတော့ ဘာလုပ်လိုက်၊ ဘာပြောလိုက်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး