Page စာမျက်နှာ

ကျွန်တော့်မှာ ဖေ့စ်ဘွတ် ပေ့ခ်ျလည်းရှိတယ်။ ကြာပါပြီ။ မကြာခဏ ဒုက္ခပေးတယ်။ တမြန်နှစ်လောက်ကစပြီး ရိုးရိုး ဖေ့စ်ဘွတ်ကို ကွန်မြူနတီစတင်းဒက်ကြောင့်ဆိုပြီး ယာဘီဘလော့တယ်။ ၇-၈ ခါလောက်ခံရတယ်။ အခု အဲလို အလုပ်မခံရတာ နည်းနည်းတော့ ကြာပြီ။

ပေ့ခ်ျက ဂွကျနေတယ်။ ဒုက္ခသစ်ပေးတယ်။ ဒေါက်တာတင့်ဆွေ စာမျက်နှာ May 9 at 11:40 AM နောက် အသစ်တင်မရတော့။ ဘာကြောင့်မှန်း မသိ။
May 18 at 7:36 PM မှာတခါ Page ပြန်ရပြန်ပြီတဲ့။ ၃ ခုတင်လို့ရပြီး မရတော့ပြန်။ ဘာကြောင့်မှန်း မသိ။
May 28 at 9:53 PM ပြန်ရပြန်ပြီတဲ့။ ၃ ခုတင်လို့ရပြီး မရတော့ပြန်။ ဘာကြောင့်မှန်း မသိ။

Page မှာ စာဖတ်သူ ပိုများသလားတော့ မသိ။ ဟိုအရင်က ပျက်ခဲ့တဲ့ Page မှာ စာအသစ်တိုင်တိုင်း ဖတ်တဲ့သူတွေ ထောင်ဂဏန်း သောင်းဂဏန်းရှိခဲ့တယ်။ ဟုတ်လား မဟုတ်လားတော့ မသိ။

Page မှာ အသစ်သာတင်မရတာ အဲဒီက အင်ဘောက်စ်မှာ မေးခွန်းတွေလာတယ်။ ပြန်ဖြေလို့လည်းရတယ်။ ဘယ်လို နေရာကနေ စာရေးကြလည်း မသိ။ ကျွန်တော်မသိတာတွေက အတော်များတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး